အမေ့ထံသို့ တမ်းချင်း
‘အမေ့ထံသို့ တမ်းချင်း’
အမေ…….အမေ့အတွက်တော့
ကျွန်တော်လေ သားမိုက်တစ်ဦးဖြစ်နေပေမရ့်
လူဆိုးလူမိုက်လူ့အကျင့်ပျက် တစ်ဦးမဟုတ်ခဲ့ပါဘူး…..
သန်းခေါင်ကျော်မှ အိမ်တံခါးခေါက်တဲ့သား
ညအချိန်မတော်မှ ပြန်လာမဲ့သားမိုက်အလာကို
ဘယ်ချိန်ပြန်ရောက်မလဲ မသိဘဲ အိပ်ပျက်ခံခါ ကြိုခဲ့အမေ
အမေခံရတဲ့ သားမိုက်ရဲ့ ဒဏ်တွေ ကျေလိုပြေငြား……..
သားမိုက်လေ ရှစ်ခိုးဦးချ ကန်တော့ပါတယ်အမေ၊၊ ၊၊
ဒါပေမရ့်……အမေ
ကျွန်တော့်လုပ်ရပ်တွေ ရိုးသားခဲ့ပါတယ်အမေ
လူငယ်မို့ ‘အရက်’ နဲ့ ‘Club’ အတွက် ညအချိန်မတော်ခဲ့ပေမရ့်
သူများမယားအပေါ် မတရားသဘောမထားဘူး
စိတ်သဘောက အရမ်း ‘တာ’ သွား ‘လှူပ်’ ရှားတာမို့
လင်ရှိမယားထင်းရှားရင် မရဲတရဲ တောင်မကြည့်ရဲခဲ့သလို
မရိုးသားအကြံနဲ့ သူများသမီးပျိုကို ချစ်ရေးဆို မမြှူဆွယ်ခဲ့ပါဘူး
လူ့အကျင့်ပျက်ရဲ့ လျှာဖျားက စကားကိုယုံမှားမိလို့
လက်သည်ကိုအပူကပ်ရတဲ့ ပျိုရည်ပျက်
ပြိုဖြူတွေလည်း အထပ်ထပ်ပါပဲ အမေ…။ ။
ဒါပေမရ့်….အမေ
“Business” နဲ့ “Private” ကိုရောချိတ်လိုက်လို့ထင်ပါရဲ့……
ကျွန်တော့်လုပ်ရပ်တွေ မရိုးသားဘူး သူထင်သွားတယ်
ရိုးမြေကျလည်း ဆွေးလို့မ ‘ခ’ မယ့် စိတ်ထားနဲ့
ရှေ့တစ်လှမ်းတိုး ခြေလှမ်းမျိုးဆိုတာ
သူမစိတ်ထဲ သံသယစိတ် မပွားပါစေနဲ့
ဒါပေမရ့်….အမေ
သားတော်မောင် ဒီကနေ့ ညလည်းသိုင်းကွက်နင်းလို့
သန်းခေါင်ကျော်မှ လှမ်းခေါ်ရင်း
သားမိုက်စိတ်ထဲ ရှစ်ခိုးဦးချ ကန်တော့လျှက်ပါအမေ……၊၊ ၊၊ ၊၊
Comment #3
ဟုတ်ကဲ့ မဆိုးချင် ဆိုးချင်လေးပါ….
ကျေးဇူးတင်ပါတယ် မမ ဘတ်….
ဆက်လက်ပီးလဲ ရှေ့သို့ ချီတက်…
လာရောက် အားပေးလှည့်….
ဲပြန်ပြန် လှန်လှန်ပေါ့
………:))))))))
ကဗျားတွေကို ပြောတာပါ…
Comment #1
ဒါလေးကတော့ပုံစံတစ်မျိုးလေးနော်..ဒါပေမဲ့.. ကောင်းပါတယ်.. 🙂