မလွမ်းဖူးတဲ့ ကောင်မလေး သို့ …..
ဒီလိုနဲ့ ပဲ နေ၀င် မိုးချူပ်နဲ့ 
မရေရာမှုကို မျှော်လင့်လို့ 
ကုန်ဆုံးသွားတဲ့  နေ့ ရက်တွေမှာ
အရာမယွင်းခဲ့တဲ့  စိတ်တခုနဲ့ 
စောင့်နေသူ တယောက်ရဲ့ ဘဝ
အထီးကျန်စွာ တည်ရှိနေတာ
ဖော်ကွာဝေးသူ သိစေချင်တယ်
နေ့ သစ်တွေရဲ့ သယ်ဆောင်မဲ့
အလွမ်းနဲ့  ချစ်ခြင်းတွေကြောင့်
တို့ နှစ်ယောက်ရဲ့ ပြက္ခဒိန်တွေ
ဒဏ္ဍာရီမှတ်တမ်းမှာ ရက်စွဲထပ်ခဲ့ပေါ့
ဆုံတွေ့ နိုင်မဲ့ နေရက်မှာ ကတိချင်းထပ်လို့ 
အလွမ်းစိတ်နဲ့  နှစ်သိမ့်နေရ ……
နီးချင်း ဝေးချင်းတွေနဲ့ 
သံယောဇဉ်တွေ ရစ်နှောင့်ခဲ့လို့ 
မလွမ်းဖူးတဲ့ ကောင်မလေးလည်း
လွမ်းတက်ခဲ့ပြီ …..
နင်အနီးနားမှာ ရှိချင်တာပါ ကောင်မလေးရယ်………
Comment #5
ဒီလိုနဲ့ ပဲ နေ၀င် မိုးချူပ်နဲ့ 
မရေရာမှုကို မျှော်လင့်လို့ 
ကုန်ဆုံးသွားတဲ့  နေ့ ရက်တွေမှာ
မလွမ်းဖူးတဲ့ ကောင်မလေးလည်း
လွမ်းတက်ခဲ့ပြီ …..
နင်အနီးနားမှာ ရှိချင်တာပါ ကောင်မလေးရယ်………
အရမ်းကြိုက်ပါတယ်ဗျာ…….
Comment #7
ကျွန်မလဲမလွမ်းဖူးဘူး.. ဒါပေမဲ့မကြာသေးခင်ကမှလွမ်းတက်သွားပီ.. 😀
Comment #8
ကျွန်မလဲမလွမ်းဖူးဘူး.. ဒါပေမဲ့သိပ်မကြာသေးခင်ကမှလွမ်းတက်သွားတာ.. 😀
Comment #9
အစ်မရွှေငါးလေးက….ဘူသူ့ ကိုလွမ်းတာလဲဗျ…အဟတ်…အဟတ်….ဟ…ဟ
Comment #11
အင်း….ကိုယ့်အစ်မဆိုတော့…သိချင်တာပေါ့ဗျ….နှောင်းလူရ…..
Comment #12
လွမ်းတာတော့လွမ်းတာအမှန်ဟ…လွမ်းလို့ရတာအားလုံးကိုလွမ်းတယ်ကွာ…ဟီဟိ .. 😛
Comment #14
😀 .. ……….. ဟုတ်ပကွာ
Comment #17
miss so so much
Comment #1
ကောင်းတယ်ဗျို့…အားပေးနေတယ် ကိုနှောင်းလူရေ