ကောင်မလေးသို့…. မွေးနေ့လက်ဆောင် (မိုးဇက်)
ကောင်မလေးရေ……
အနေဝေးလို့ သွေးအေးသွားတာက မင်းဖြစ်ခဲ့ပေမယ့်
မမေ့သေးလို့ ဆွေးနေရတာက
ငါဖြစ်နေတယ် ကောင်မလေးရယ်။။။
မင်း ရှောင်ခွာပြေးပေမယ့်
ငါ မှတ်မိနေသေးတယ်
ဒီဇင်ဘာ ၁၄ (ဒီနေ့ ) မင်းမွေးနေ့လေ
မွေးနေ့လက်ဆောင်အဖြစ်…
ငါဒီကဗျာကိုရေးခြစ်နေမိတယ်……
ကဗျာရေးရင်း…..
မင်းကိုမေ့ဖို့ခက်တော့…
ငါအရက်တွေပဲ မော့ဖြစ်နေတယ် ကောင်မလေးရယ်။။။။
မှတ်မိရဲ့လား…. ကောင်မလေးရေ
နက်ဖြန်….
( အေ့..)
ငါ့….. မွေး….. နေ့။
(အေ့…. ဝေါ့)
မင်း….. မေ့ ချင်မေ့ နေရောပေါ့…။
Comment #4
ကောင်မလေးရေ……
အနေဝေးလို့ သွေးအေးသွားတာက
မင်းဖြစ်ခဲ့ပေမယ့်
မမေ့သေးလို့ ဆွေးနေရတာက
ငါဖြစ်နေတယ် ကောင်မလေးရယ်။။။
(အေ့….)
ကောင်းတယ်ဗျာ….(အေ့စ်…)
Comment #5
ှဝိုး..အပေါ်ကလူတေအားလုံးကောင်းနေကြပါလားဟ . 😛
{ဟုတ်ပါတယ်..မေ့လို့မရရင်မမေ့နဲ့ပေါ့ရှင်}
Comment #10
ကဗျာလေးကခံစားရတယ်……….. ကော်မန့်တွေကရီရတယ်…… အေ့
Comment #14
heart hti tal ha…..moe kyi ya…..:((((
Comment #15
cute poem.
Comment #1
ဘုန်းကြီးဝတ်မယ့်သူကိုမခေါ်တော့ ပါဘူး။ တော်ကြာငရဲကြိး နေပါအုံးမယ် ဇာတိရာ။ ဒီညတကယ်သွားမှာ… လိုက်မလား buron သွားသောက်မယ်။။။ 😛