သင်ခင်….ထားရင်လည်း
နေခဲ့ရမဲ့ သူပါလေ
ဘ၀နဲဆန္ဒသာကြားက
သခင်ဆန္ဒသာလျှင်
ဘ၀နဲထပ်တူဖြစ်နေသူမို့
ထားရာမှာနေ
စေရာကိုလည်း သွားရဲပါတယ်သခင်
သခင်ကျေနပ်ဖို့ဆို
ကျွန်ုပ်နှလုံးသားကိုစတေး
အသဲ အသက်ကိုပင်ပေးဖို
ဝန်မလေးလှပါဘူး
ဒါပေမဲ…..သခင်ရယ်
ဘယ်ဆီကြည့်ကြည့် ကျွန်ူပ်အသိမှာ
သခင်ရှိနေဆဲမို့
လူမမိအောင်ခြွေချ
ကြွေကျတဲ့မျက်ရည်စက်တွေနဲ
တသက်လွမ်းဖြစ်နေဦးမှာပါသခင် ။ ။
Comment #1
ကောင်းပါတယ်….နေလင်းအောင်ရေ………ကြိုက်တယ်ဗျာ