Professional Authors

ကျောက်အပ်စာ

မင်းကို
ချစ်တဲ့အကြောင်း
ကြယ်လေးတွေကို ပြောပြတဲ့အခါ
သူတို့က
ငါ့ကို သနားလို့တဲ့
သူတို့ လူပြည်ဆင်းရင်
ဆုတောင်းပြည့်တယ် ပြောလို့
ငါ့ ဆုတောင်းလိုက်တယ်….
“မင်းနဲ့ ဖူးစာရှင်
 ဖြစ်ရပါလို၏”ပေါ့….
ငါ့ဆန္ဒကတော့
ရေစီးတိုင်း ပြိုတတ်တဲ့
ကမ်းပါးလို
နင်… ပြုံးတိုင်း
ယိုင်တတ်တဲ့
ငါ့နှလုံးသားကို
မင်းဆီမှာ ထာဝရ
အပ်ထားချင်တယ်……..။

In: ကဗျာ Posted By: Date: Dec 16, 2010
Comment #1

ငါ့ဆန္ဒကတော့
ရေစီးတိုင်း ပြိုတတ်တဲ့
ကမ်းပါးလို
နင်… ပြုံးတိုင်း
ယိုင်တတ်တဲ့
ငါ့နှလုံးသားကို
မင်းဆီမှာ ထာဝရ
အပ်ထားချင်တယ်……..။
အဲ့စာသားလေးကို ကြိုက်တယ် ကောင်းတယ် ကြိုးစားထား christopher ရေ………

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #2

ကျေးဇူး နှောင်းလူရေ

commentinfo By: christopher at Dec 16, 2010
Comment #3

Wow…cutie

commentinfo By: ei lay at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment