နေမဝင်အချစ်
အချစ်ဆိုတဲ့ ရင်တွင်းအက္ခရာလေး..
ဖြစ်တည်နေမှာ မင်းကငါကို
ထားခဲ့ပြီလား….
ဘဝရဲ့ စာမျက်နှာတွေ တစ်ရွက်စီ
ကုန်လွန်သွား ပေမဲ့
ဖတ်ပြီတဲ့ စာမျက်နှာလေးကိုတော့
ငါ အကြိမ်ကြိမ်ဖတ်နေဆဲပါ..
ခဏလေးချစ်ခွင့်ရရုံနဲ့ တစ်သက်လုံး
ခံစားရမဲ့ ငါ့ရဲ့ ဖြစ်ကိုတော့..
မညီမျှတဲ့ အချစ်လို့
အမည်မတက်ရက်ဘူး..
နေတွေသာ ဝင်သွားပါစေ….
ကြယ်တွေသာ ကြွေသွားပါစေ…
နေမဝင်နိုင် ကြယ်မကြွေနိုင်တဲ့
ငါ့နှလုံးသား ကမ္ဘာလေးမှာ
မင်းအတွက်…အလင်းမမှုံ
အမှောင်မပြိုတဲ့ အချစ်တွေနဲ့
အမြဲထာဝရ လင်းလက်နေမှာ…
ချစ်သူရယ်….
ကျည်းမြောင်းလွန်းတဲ့..စက်ကွင်းလေးထဲမှာ..
နင်နဲ့ငါ့ကြားမှာ….
ဆုံမှတ်ဆိုတာ..မဖြစ်နိုင်တော့ပေမဲ့…
မင်းအတွက်စိုက်ပျိုးထားတဲ့..
နေမဝင်အချစ်ပန်းတွေက….
သံသရာ…အစွန်းတစ်ဖက်အထိ
ပွင့်လန်းနေမှာပါ……
Comment #3
အချစ်ဆိုတဲ့ ရင်တွင်းအက္ခရာလေး..
ဖြစ်တည်နေမှာ မင်းကငါကို
ထားခဲ့ပြီလား….
ဘဝရဲ့ စာမျက်နှာတွေ တစ်ရွက်စီ
ကုန်လွန်သွား ပေမဲ့
ဖတ်ပြီတဲ့ စာမျက်နှာလေးကိုတော့
ငါ အကြိမ်ကြိမ်ဖတ်နေဆဲပါ..
ခဏလေးချစ်ခွင့်ရရုံနဲ့ တစ်သက်လုံး
ခံစားရမဲ့ ငါ့ရဲ့ ဖြစ်ကိုတော့..
မညီမျှတဲ့ အချစ်လို့
အမည်မတက်ရက်ဘူး..
ကောင်းပါသည်။
Comment #4
အရမ်းကောင်းပါတယ် နှောင်းခင်ဗျာ………
Comment #7
ကောင်းလိုက်တာကိုမိုးဇက်ယေ
ကျွန်တော်တော့ဟတ်ထိလို့ ဂိနေပြီ
အစ်ကို့ကဗျာတွေဖတ်ပြီး ရင်ထဲမှာ ဟာတာတာကြီးခံစားရတယ်
ထမင်းမစားရသေးလို့ ………..ဟီး ဟီး ဟီး
အခုတော့ စားလိုက်လို့ မဖြစ်တော့ပါဘူး
ကိုမိုးဇက်ရဲ့ကဗျာက ဟာကွက်တစ်ကွက်မှမရှိပါဘူးဗျာ
အဟုတ်ကို မ၇ှိတာ……….
အဟက်
ကျွန်တော့်comments မှားသွားရင် ဂွင့်လွှတ်နော်
လို့………….
နော်လို့…………………….
Comment #1
စကားလုံး အနုအရွလေးတွေနဲ့  ခံစားမှု ပြင်းထန်တယ် ကောင်းတယ်
ကဗျာလေးက ……..:)