အထီးကျန် (၃)
လေနှင်ရာလွင့်ပါး
တိမ်တွေလို..
အဝေးကို ပျံသန်းသွားချင်တယ်….
မွန်းကြပ်ပိတ်လှောင်နေတဲ့…
သတ်မှတ်ချက်ဆိုတဲ့ ဘောင်တွေကြားမှာ…
ရုန်းကန်လှုပ်ရှားရင်း…
အင်အားတွေလဲ..
တစ်နေ့တစ်ခြား..နည်းပါးလာပြီ….
ရွေ့လျားနေတဲ့ ရာသီတွေနဲ့..
လည်ပတ်နေတဲ့ နာရီ..
စောင့်ဆိုင်းနေရတဲ့ မျှော်လင့်ချက်ရောင်နီတွေနဲ့…
နာကျင်ခြင်းတွေကို ထမ်းပိုး…..
နောက်ကျောက ဒဏ်ရာတွေလဲ တိုးသထက်တိုးလို့ပေါ့……
အများ..အမြင်မှားနေတဲ့…
လူဆိုးတစ်ယောက် ရင်ထဲကအမှန်တရား..
ဘုရားပဲ သိနိုင်မယ်ထင်ပါရဲ့….
ရှင်းမပြတော့ဘူး…
ငါ့ကို…..
ဘယ်လိုပဲ..တံဆိပ်ကပ်ကပ်..လေ
စကားလက်နက်နဲ့ သတ်တတ်တဲ့ ပါးစပ်တွေကို..
စိတ်ပျက်လာပြီ….
ငါ့အတွက်..ငါတွေး…
ငါ့ဘ၀လှဖို့…
ငါ့လက်နဲ့..ငါရေးလို့….
ငါ့ကိုယ်ငါ..တည့်မတ်…..
တစ်ယောက်ထဲ နေတတ်ပါတယ်….
ဘယ်လိုပဲ ဖြစ်ဖြစ်…
နစ်မွမ်းအောင် ဆွဲနှစ်ကြစမ်းပါစေ…
ပင်လယ်တွေ ကာကာ…
တောင်တန်းတွေ ဆီးဆီး…
မျှော်လင့်ခြင်း တိမ်တိုက်တွေကို စီးလို့…
အိပ်မက်တွေကို ဆုပ်ကိုင်..
ခရီးအဆုံးမှာ.. ငါ့အတွက်…
ရွှေရောင်တောက်ပတဲ့ ပန်းတိုင်ရှိတယ်……။
လေးညှို့ရှင်
Comment #1
ဘယ်လိုပဲ..တံဆိပ်ကပ်ကပ်..လေ
စကားလက်နက်နဲ့ သတ်တတ်တဲ့ ပါးစပ်တွေကို..
စိတ်ပျက်လာပြီ….
ကောင်းတယ်ဗျာ… ကြိုက်တယ် စကားလုံးလေးတွေကို