မျက်ရည်
ကျောင်းတော်ကြီး အဖွင့်စ မှာ
တလှပ်လှပ် ခတ်ခဲ့သော
တောင်ပံ နှစ်စုံ ကျိုးခဲ့ပြီ
အရင်က အပြုံးနဲ့  ဆီးကြိုတတ်ခဲ့သော သူ
အခု မျက်ရည်တို့ နဲ့ စည်းတစ်ဖက် ခြားထားတယ်
သူ ငါ့ ကို
ခေါ်ရင်သာ ခေါ်ခဲ့တယ်
ဘယ်တော့မှ နှင်မလွတ်ခဲ့ဘူး
အဲဒီ လောင်းရိပ်လေး အောက်က “ငါ ”
လိပ်ပြာ မလုံစွာနဲ့  ခြေလှမ်းတို့ ရုပ်သိမ်းခဲ့ပြီ
ဒီ ပုံပြင် အစ မှာ ငါတို့ ပျော်ခဲ့ကြတယ်
ဒီ ပုံပြင်လေးလဲ ဆုံးရော ငါတို့  . . . . .
ငါတို့ ကြားက စည်းလေးကို ချိုးဖောက်
မင်း ရင်ခွင်နဲ့ ဝေးရာ ထွက်ပြေးတတ်ခဲ့ပြီ
အသုံးမကျ တဲ့ ငါ့ကို
သူက အပြုံးနဲ့  ကြိုနေတုန်းတဲ့
တော်ပါပြီကွယ် . . .
နှုတ်ဆက်တာချင်း တူခဲ့ရင်တောင်
မင်း မျက်ဝန်းမှာက မျက်ရည်တွေနဲ့ မို့  . . .
ကျောင်းတော်ကြီး အဖွင့်မှာ
ငါ လဲ မျက်ရည် မိုး တို့ ပွင့်အန် ထွက်ခဲ့တယ် ၊၊ ၊၊
လမင်းဇော်
Comment #2
hnoke sat tar chin tu ke yin taung,,,
nga myat wun hmar ka myat yae twaty ne moh,,,
toat pay phoe a si a sin ma shi bu lar?
he,,he,,
Comment #3
so touching
Comment #1
ကောင်းလိုက်တာရှင်။ တကယ်ကို ရင်နင့်သွားပါတယ်။