ဒီဇင်ဘာနဲ့အတူ မင်းကိုချစ်တယ် ! ! !
အေးမြတဲ့ အထိအတွေ့
ဖြူလွလွ နှင်းမှုံကြား
လမ်းတွေကိုလည်း ဒို့ ၂ ယောက်လျှောက်ခဲ့ဖူးတယ်။
အေးချမ်းတဲ့ အင်းယားကန်ရေပြင် လေနုအေးကို
မင်းနဲ့အတူ ရူရှိုက်ခဲ့ဖူးတယ်။
ချမ်းအေးတဲ့ဆောင်းဒဏ်ကို ကာကွယ်ဖို့
မင်းရင်ခွင် ထဲမှာလဲ
အနွေးဓါတ်လေးအတွက် ခိုလှုံခဲ့ဖူးတယ်။
လွမ်းမောဖွယ်
ဒီဇင်ဘာညအလယ်မှာ
မင်းကိုလည်း လွမ်းခဲ့ဖူးတယ်။
ကြည်နူးခြင်း….လွမ်းဆွတ်ခြင်း
တမ်းတခြင်းတွေနဲ့အတူ
ငါ…….. ဒီဇင်ဘာကို ချစ်တယ်။
ဒီလိုပဲ
ငါ ချစ်တဲ့ ဒီဇင်ဘာနဲ့အတူ
နင့်ကိုလည်း
ငါ ………………… ချစ်တယ်။
(၁၇-၁၂-၂ဝ၁ဝ)
Comment #5
ei layေ၇ ဒီဇင်ဘာလေ လွမ်းတယ်နော်…..
By: shin ma at Dec 13, 2011
Comment #8
အမဒါပဲလား
ဒိထက်ကောင်းတာတွေဖတ်ချင်တယ်
အမျိုးသားရေးတပုဒ်
ဒါမှမဟုတ်ပျဉ်းမငုတ်တိုလို
ကဗျာတပုဒ်လောက်ဖတ်ချင်တယ်
By: nayzaw at Aug 10, 2013
Comment #9
Good December lay par
By: Himuhara at Oct 15, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းပါတယ်ဗျာ….ပန်းအိရေ