ကျွန်တော်ရေးတဲ့ အညတြကဗျာတစ်ပုဒ်
ဝး၀၀ မိဟေမာန်ရေ……..
နင့်ကိုယ်ပိုင်နှင်းတွေ
ငါ့ကမ္ဘာထဲတ၀ုန်းဝုန်းကြွေကျ
(ဟောဒီ့ကောင်…….)
အလွမ်းလက်စ သတ်မရခဲ့ဘူးဗျ…….
……………………………………………..
ဝး၀၁ အိမ်မက်ဦးမှာ
နှင်းဆီတွေ အစီအရီပွင့်ဖူး
နင့်အတွက်ရည်စူးပြီး
ကိုယ့်ကိုယ်ကို ပွင့်ဖူးပစ်ခဲ့တဲ့ကောင်
ခပ်မှောင်မှောင်ချောင်တစ်ချောင်မှာ
ယောင်တောင်တောင် အတတ
(ဒါ…………..)
ငါ့ရဲ့နောက်ဆုံးလွမ်းရခြင်းပဲဖြစ်ပါစေလို့ ဆုတောင်း
ဒီနှစ်ဆောင်းက………..
……………………………………….
မြောက်လေပိုမြူးတယ်……..
……………………………………………….
ဝး၀၂ ငါရူးပြီဟေမာန်ရေ………
…………………………………..
ငါရူးပြီ………
…………………………………………..
အလွန်အကြူး နင့်အတွက်သီကျူးတဲ့ကဗျာ
(ဟောဒီ့ကမ္ဘာမှာ…….)
ရာဇ၀င်မတွင်တဲ့စာ………
……………………………………….
အညတြ ကဗျာတစ်ပုဒ်…….
………………………………………….
(နင်အရေးလုပ်ချင်မှလုပ်ပါ……..)
ငါနားလည်ပေးနိုင်ခဲ့ပါတယ် မိဟေမာန်…….
………………………………………………………….
ဝး၀၃ ဟေမာန်ရေ……..
…………………………………
ကျွန်တော့်ရဲ့ မိဟေမာန်ရေ………
…………………………………………..
ဒီလိုနဲ့ ပဲ……
…………………………..
နေ၀င်………..
………………………………
မိုးချုပ်………..
……………………………………
(ဟောဒီ့ကောင် ငါကတော့…….)
အိမ်မက်တွေနဲ့ ပဲ အရိုးထုတ်တော့မယ်……
…………………………………………………………
ဝး၀၄ အိမ်မက်ဦးမှာ
နှင်းဆီတွေ အစီအရီပွင့်ဖူး
နင့်အတွက်ရည်စူးပြီး
ကိုယ့်ကိုယ်ကို ပွင့်ဖူးပစ်ခဲ့တဲ့ကောင်………..
………………………………………………………..
အလွန်အကြူး နင့်အတွက်သီကျူးတဲ့ကဗျာ
(ဟောဒီ့ကမ္ဘာမှာ…….)
ရာဇ၀င်မတွင်တဲ့စာ………
……………………………………….
အညတြ ကဗျာတစ်ပုဒ်…….
………………………………………….
(နင်အရေးလုပ်ချင်မှလုပ်ပါ………)
ငါ…………….
…………………………………
နားလည်ပေးနိုင်စွမ်းခဲ့ပါတယ် မိဟေမာန်ရယ်…….
…………………………………………………………………..။ ။
မိုးထက်အောင်
Comment #4
အရေးကောင်းတဲ့လူတွေကတော့ဘယ်လိုရေးရေးကောင်းနေတာပဲကွာ.. 😀
Comment #5
လိပ်ပြာလေးနဲ့ အစ်မ ရွှေငါးတို့ ကိုအထူး ကျေးဇူးပါခင်ဗျာ…..
Comment #6
အိမ်မက်ဦးမှာ
နှင်းဆီတွေ အစီအရီပွင့်ဖူး
နင့်အတွက်ရည်စူးပြီး
ကိုယ့်ကိုယ်ကို ပွင့်ဖူးပစ်ခဲ့တဲ့ကောင်
ခပ်မှောင်မှောင်ချောင်တစ်ချောင်မှာ
ယောင်တောင်တောင် အတတ
(ဒါ…………..)
ငါ့ရဲ့နောက်ဆုံးလွမ်းရခြင်းပဲဖြစ်ပါစေလို့ ဆုတောင်း
ဒီနှစ်ဆောင်းက………..
……………………………………….
မြောက်လေပိုမြူးတယ်……..
……………………………………………….
မိုက်တယ်….အားပေးသွားတယ် အစ်ကိုတော် မိုးထက်ကြီး
မိုက်တယ်
🙂
Comment #7
ကျေးဇူးပါသားသားရေ….
Comment #1
“မွန်မလေးသို့ကဗျာတစ်ပုဒ်”
မိဟေမာန်ရေ……..
နင့်ကိုယ်ပိုင်နှင်းတွေ
ငါ့ကမ္ဘာထဲတ၀ုန်းဝုန်းကြွေကျ
(ဟောဒီ့ကောင်…….)
အလွမ်းလက်စ သတ်မရခဲ့ဘူးဗျ…….
……………………………………………..
နင့်အတွက်ရည်စူးပြီး
ကိုယ့်ကိုယ်ကို ပွင့်ဖူးပစ်ခဲ့တဲ့ကောင်
ခပ်မှောင်မှောင်ချောင်တစ်ချောင်မှာ
ယောင်တောင်တောင် အတတ
(ဒါ…………..)
ငါ့ရဲ့နောက်ဆုံးလွမ်းရခြင်းပဲဖြစ်ပါစေလို့ ဆုတောင်း
ဒီနှစ်ဆောင်းက………..
……………………………………….
မြောက်လေပိုမြူးတယ်…….. မိဟေမာန်ယျေ……
အင်းဒီတစ်ပုဒ်ကလည်း ခံစားမှုတစ်မျိုးပေးနိုင်တယ်။ အားပေးနေလျက်ပါ……မိုးထက်ရာ