နေမဝင်အင်ပါယာ
ဘဝကို
ဇောက်ထိုးရေးထားတဲ့
ကယ်ရီကေးချားတစ်ခုလို
ရုပ်လုံးကြွမလာတဲ့
ကောက်ကြောင်းတွေကြောင့်
တစ်ခါ ..တစ်ခါ
နာနာကျင်ကျင် ရယ်မောမိတယ်။
ကားပျက်သွားတာ
အရေးမကြီးဘူး။
ရှေ့ဆက်မယ့်ခြေလှမ်းတွေ
မရပ်တန့်ဖို့သာ
တောင်းဆိုချင်ပါတယ်ကွယ်။
ဂီတ..မရှိဘဲ
သာယာချင်လွန်းလို့၊
ချစ်သူပြုံးပြမှ
ငါ့(ကမ္ဘာမြေ)
နေထွက်ပါစေတော့ ။
Comment #2
ကားပျက်သွားတာ
အရေးမကြီးဘူး။
ရှေ့ဆက်မယ့်ခြေလှမ်းတွေ
မရပ်တန့်ဖို့သာ
တောင်းဆိုချင်ပါတယ်ကွယ်။
GOOD!
By: နရီထက် at Dec 18, 2010
Comment #4
good တယ်ဗျာ…. ချစ်သူ ပြုံးပြမှ နေထွက်မယ်ဆိုပါလား ကောင်းတယ်ဗျာ….
By: genius.jinx28 at Dec 18, 2010
Comment #6
Strong title
By: ei lay at Dec 9, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘဝကို
ဇောက်ထိုးရေးထားတဲ့
ကယ်ရီကေးချားတစ်ခုလို
ရုပ်လုံးကြွမလာတဲ့
ကောက်ကြောင်းတွေကြောင့်
တစ်ခါ ..တစ်ခါ
နာနာကျင်ကျင် ရယ်မောမိတယ်။
……
စာသားတွေ အားလုံးကို ကြိုက်တယ်ဗျာ
အမြဲအားပေးနေတယ် ……….