Professional Authors

ဝေး

အားလုံးင်္ပြီးဆုံးကြောင်းစာတန်းထိုးလိုက်ချိန်မှာ

ငါဟာ… ဒါဏ်ရာဗရပွနဲ့ ကျားနာတစ်ကောင်အဖြစ်တွင်ကျန်ရစ်တယ်…….

ငါသမိုင်းတွင်ဖို့  ထွင်းထုစရာကျောက်သားတွေမလိုအပ်ဘူး

လွန်လေပြီးသော အပြုံးတွေကတော့အမုန်တွေအဖြစ် ထင်ကျန်မိမလားဘဲ…….

အမြစ်ကနေရှင်ပစ်ဖို့ ပြန့် ကြဲနေတဲ့နာကျင်မူတွေ

ငါကိုယ်တိုင် တစ်စစီလိုက်ကောက်ခဲ့ရတယ်

ရင်နာပေမဲ့နင်မလာတော့တဲ့နောက်ပိုင်း

ကွယ်ရာမှာတွယ်တာခဲ့ဖူးတဲ့အကြောင်:တွေ တွေးဖြစ်နေဆဲပဲ……..

ထားရစ်ခဲ့ခြင်း ခေါ်ဆောင်သွားခြင်းရဲ့အဒီပါယ်က

ကျန်နေခဲ့ခြင်း လိုက်ပါသွားခြင်းနဲ့ တူရဲလား…..

ငါကိုတိုင်လဲ မသိတော့တဲ့အချိန်မှာ

နင်ကိုယ်တိုင်လဲ မရှိတော့ပါဘူး…..

နင့်ကိုရူးသွပ်ရင်း ငါကိုယ်တိုင် ဆွေးမြေ့ ပျက်သုဉ်းခဲ့ရတယ်….

နာကျင်အေးစက်နေတဲ့နှလုံးသားလဲ ကျန်နေသေးပေမဲ့

နင့်ဆီလားနိင်ဖို့ သူကိုလမ်းလျှောက်မကျင့်ပေးရသေးဘူးလေ……….

နင်မြင်နိုင်ရဲ့ လား

ငါတို့ ဟာ ရောက်ရာနေရာမှာ ခြေစုံရပ်ရင်း

တစ်ယောက်ကိုတစ်ယောက် ခလုပ်တုက်မဲ့နေ့ ကိုရူးသွပ်စွာစောင့်စားနေကြဆဲ ဆိုတာ……………..

In: ကဗျာ Posted By: Date: Dec 18, 2010
Comment #1

ကောင်းတယ် ၊
ရင်နာပေမဲ့နင်မလာတော့တဲ့နောက်ပိုင်း

ကွယ်ရာမှာတွယ်တာခဲ့ဖူးတဲ့အကြောင်:တွေ တွေးဖြစ်နေဆဲပဲ…….. အဲဒါကို ကြိုက်တယ် အားပေးးသွားတယ်ဗျာ..

commentinfo By: genius.jinx28 at Dec 18, 2010
Comment #2

Thz…my fri….:)

commentinfo By: supanshin at Dec 18, 2010
Comment #3

အရမ်းကောင်းတယ်ဟေ့
ငါတို့ ဟာ ရောက်ရာနေရာမှာ ခြေစုံရပ်ရင်း

တစ်ယောက်ကိုတစ်ယောက် ခလုပ်တုက်မဲ့နေ့ ကိုရူးသွပ်စွာစောင့်စားနေကြဆဲ ဆိုတာ…………….. အားပေးနေတယ်နော်

commentinfo By: နှောင်းလူ at Dec 18, 2010
Comment #4

ငါတို့ ဟာ ရောက်ရာနေရာမှာ ခြေစုံရပ်ရင်း

တစ်ယောက်ကိုတစ်ယောက် ခလုပ်တုက်မဲ့နေ့ ကိုရူးသွပ်စွာစောင့်စားနေကြဆဲ ဆိုတာ……………..

အားပေးသွားပါတယ်ဗျာ…….
B-)

commentinfo By: moehtetaung18 at Dec 18, 2010
Comment #5

ငါတို့ ဟာ ရောက်ရာနေရာမှာ ခြေစုံရပ်ရင်း

တစ်ယောက်ကိုတစ်ယောက် ခလုပ်တုက်မဲ့နေ့ ကိုရူးသွပ်စွာစောင့်စားနေကြဆဲ ဆိုတာ……………..

commentinfo By: နရီထက် at Dec 19, 2010
Comment #6

ငါသမိုင်းတွင်ဖို့  ထွင်းထုစရာကျောက်သားတွေမလိုအပ်ဘူး

လွန်လေပြီးသော အပြုံးတွေကတော့အမုန်းတွေအဖြစ် ထင်ကျန်မိမလားဘဲ…….

ကောင်းလိုက်တဲ့စာသား

commentinfo By: ကေအက်(စ်)အို at Dec 20, 2010
Comment #7

ငါတို့ ဟာ ရောက်ရာနေရာမှာ ခြေစုံရပ်ရင်း

တစ်ယောက်ကိုတစ်ယောက် ခလုပ်တုက်မဲ့နေ့ ကိုရူးသွပ်စွာစောင့်စားနေကြဆဲ ဆိုတာ……………..

ကောင်းတယ်ဗျို့.. အမြဲအားပေးနေမယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment