မနေတတ်လို့ပါ
ဖားတုလို့ ခရုခုန်
အိုင်ပျတ်ယုံပဲ ရှိမှာပေါ့တဲ့
ဖားတုလို့ ခရုခုန်ခဲ့တာ
မဟုတ်ပါဘူး
လင်းလတ်ခွင့် မရမဲအတူတူ
ပိုးစုန်းကြူကို အဖော်ပြုမိတာပါ
နွားခြေရာခွက်ကိုမှ
ပင်လယ်ထင်ခဲ့တာ မဟုတ်ပါဘူး
ဝါးလုံးခေါင်းထဲမှာပဲ
ပျော်နေတတ်သူမို့ပါ
ကြွေစေချင်လို့
ပန်းကို သက်သက် ခြွေခဲ့တာ
မဟုတ်ပါဘူး
ဥယျာဉ်မှုး ဘ၀ကို စာနာတတ်မယ်ဆိုရင်
ငါဟာ ပန်းခြွေလက် သက်သက်ပါ
စားငန်ရေကို သောက်ပြီး
ဘ၀ကို စိတ်နာနေတာ
မဟုတ်ပါဘူး
အိုအေစစ် တစ်စက်အတွက်
ဘ၀ကို ရုန်းကန်နေရသူပါဗျာ ။ ။
Comment #3
ဥယျာဉ်မှုး ဘ၀ကို စာနာတတ်မယ်ဆိုရင်
ငါဟာ ပန်းခြွေလက် သက်သက်ပါ
စားငန်ရေကို သောက်ပြီး
ဘ၀ကို စိတ်နာနေတာ
မဟုတ်ပါဘူး
အိုအေစစ် တစ်စက်အတွက်
ဘ၀ကို ရုန်းကန်နေရသူပါဗျာ ။ ။
By: နရီထက် at Dec 18, 2010
Comment #6
အိုအေစစ် တစ်စက်အတွက် ..ဘ၀ကို ရုန်းကန်နေရသူပါဗျာ.. [အကြိုက်ဆုံးပဲဗျို့..အဲဒီစာသားကို]
By: ရွှေငါး at Dec 20, 2010
Comment #10
😛
By: ei lay at Jun 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ် ကိုမင်းခန့်သူ အားပေးသွားတယ်