ဒီအတိုင်းလေး….
သူကိုမှ စွဲလမ်းစိတ်နဲ့  ဂရုတစိုက်ဖြစ်လို့ 
သူကို မပိုင်ဆိုင်ရမှန်းသိတဲ့ ခံစားချက်နဲ့ 
ရောင်ရဲ့တင်းတိမ့်နေခဲ့ရတယ် ………..
အကြင်နာ အနည်းအပါးနဲ့  အရောအနှော့
အချစ်တွေသာရခဲ့တယ်…….
မျက်စီစုံမှိတ့်  ခေါင်းညှိပ်လို့  ယုံခဲ့ဖူးတဲ့ စကားနဲ့ 
အရာရာ စိတ်ကူးထဲမှာ လှပလို့ 
တဖတ်သတ်အချစ်လို စိတ်ကူးယဉ်သက်သက်လား
မ၇ုန်းသာမထွက်သာတဲ့ စိတ်နဲ့  ရသလောက်တော့
နင်အနားမှာ နေချင်တယ်ဟာ………….
သံယောဇဉ် အကြွင်းအကျန်နဲ့ 
နားလည်မှုကို ဘယ် ၊ ညာ ရိမ်းထိုးသလိုနဲ့ 
လုပ်ချင်တာကို လုပ်ရက်တယ်နော်..
နင် သဘောပါ အရာအားလုံးရဲ့
ဆုံးဖြတ်မှုနဲ့  လျော့ရီလျော့ရဲ အပြုံးတခုသာ ပိုင်ဆိုင်သူပါ
မချိုပါဘူး ခါးသက်တဲ့ အရသာနဲ့  စိတ်ကို ကုစားရတာလည်း
လူဆိုတာ ရူးကြောင်ကြောင်တောင် ဖြစ်လို့ ……….
အမှောင်မှာ တိုးတိတ်စွာ ငိုကြွေးဖို့  ဖန်းတီးထားသလား
နင် တယောက်ကိုမှ ချစ်တက်တာလည်း ခက်တော့ ခက်သား
ပိုင်ဆိုင်လိုစိတ်ထက် ငါ နင်ကို ချစ်နေတာ သိနေရင်
ဆုံးရူံးဖူးတဲ့ နှလုံးသားအတွက် ငါ ၀မ်းမနည်းနေတော့ပါဘူး
နိယာမ သဘောလို့ သာ ငါ ပေးသလောက်မဟုတ်၇င်
အဝေးကနေ စောင့်ကြည့်ခွင့်လေးတော့ ရချင်မိတယ်….
ချစ်ရတဲ့ သူရယ်………….
Comment #3
နားလည်မှုကို ဘယ် ၊ ညာ ရိမ်းထိုးသလိုနဲ့ 
လုပ်ချင်တာကို လုပ်ရက်တယ်နော်..
နင် သဘောပါ အရာအားလုံးရဲ့
ဆုံးဖြတ်မှုနဲ့  လျော့ရီလျော့ရဲ အပြုံးတခုသာ ပိုင်ဆိုင်သူပါ
အရမ်းကောင်းပါတယ်…..နှောင်းလူ
Comment #6
ကောင်းတယ်ဗျာ……………
ဒီနေ့ကဗျာ WEBSITE ထဲကို ၀င်မိတာ တော်တော့်ကို အကျိုး၇ှိတယ်
အစ်ကိုတို့၇ဲ့ကဗျာတွေအကုန်လုံးကောင်းတယ်………..
အ၇မ်းကြိုက်တယ်ဗျာ……….
ကျေးဇူးတင်ပါတယ်………….
ခံစားချက်နဲ့ကိုက်ညီသွားလို့
……………
ပျော်ရွှင်ပါစေ
Comment #7
ပိုင်ဆိုင်လိုစိတ်ထက် ငါ နင်ကို ချစ်နေတာ သိနေရင်
ဆုံးရူံးဖူးတဲ့ နှလုံးသားအတွက် ငါ ၀မ်းမနည်းနေတော့ပါဘူး
နိယာမ သဘောလို့ သာ ငါ ပေးသလောက်မဟုတ်၇င်
အဝေးကနေ စောင့်ကြည့်ခွင့်လေးတော့ ရချင်မိတယ်….
ချစ်ရတဲ့ သူရယ်………….
ဝါး….မိုက်တယ်
အဲ့နားအကြိုက်ဆုံးပဲ ခံစားချက်ခြင်းတိုက်တယ်
ဟုတ်….ကြိုက်တယ်..အားပေးနေတယ်ဗျ
အစ်ကို နှောင်းလူ..အားပေးနေမယ်နော် ညီလေး
🙂
Comment #10
ကောင်းတယ် ကိုနှောင်းလူ အဝေးကနေစောင့်ကြည့်ခွင့်လေးတော့၇ချင်မိတယ်
ဆိုတာ က ကြိုက်တယ်
Comment #16
သူကိုမှ စွဲလမ်းစိတ်နဲ့  ဂရုတစိုက်ဖြစ်လို့ 
အမယ်လေးတူနေသလိုလိုပဲ.. {ဟိုမရောက်ဒ်ီမရောက်စိတ်နဲ့..ဘာမှန်းညာမှန်းခုထိအမည်တပ်လို့လဲမရသေးဘူး..} ကိုယ့်ဟာကိုယ်ပြောပါတယ်.. 😀
Comment #18
ဆယ်ဖက်လောက်တွေးပီးပီ ..ကိုနှောင်းလူရဲ့. ဘာမှန်းခုထိမသိသေးဘူး… ဒီတိုင်းလေးပဲကောင်းပါတယ်.. 😛
Comment #1
ျက်စီစုံမှိတ့်  ခေါင်းညှိပ်လို့  ယုံခဲ့ဖူးတဲ့ စကားနဲ့ 