အသည်းကွဲ ကချေသည်
ဝး၀၁ ချစ်သူရေ………..
ငါဆိုတာက နင်အမြဲပြုံးပျော်ဖို့ 
အသုံးတော်ခံခဲ့တဲ့ ကချေသည်
ငိုတစ်ခါ ရယ်တစ်လှည့်
ကကြိုးနက်နက်တွေနဲ့ 
ငိုရင်းပြုံးပြတတ်တဲ့ သူ
ဝး၀၂ ချစ်သူရေ………….
ငါဆိုတာက နင့်စကားလေးတစ်ခွန်းပါ
ငိုပေးရမလား……….
…………..
ရယ်ပေးရမလား……….
…………..
နေပေးရမလား…………
…………..
သေပေးရမလား……….
ထိုင်ဆိုထိုင် ထဆိုထ
(ဒီကောင်ဆိုတာကလေ……..)
နင့်အတွက်အမြဲ နိုးကြွနေတတ်တဲ့ ကချေသည်
ဝး၀၃ ချစ်သူရေ…………
ငါဆိုတာက နင့်အကြည့်တစ်ချက်ထဲနဲ့ တင်
အလူးလူးအလဲလဲ အသည်းစွဲချစ်ခဲ့မိတဲ့သူ
ဆိုင်းမပါဗုံမဆင့် သိပ်မြတ်နိုးသွားဖြစ်ခဲ့တယ်
ဒါပေမယ့်………….
…………………………………………….
(ဟောဒီ့ ကချေသည်…….)
ကကွက်ဆန်းဆန်းနဲ့ 
အိမ်မက်လန်းလန်းလေးတွေ မက်ခွင့်မရခဲ့ဘူး
ဝး၀၄ ချစ်သူရေ…………
ငါဆိုတာက နင့်ခြေဖ၀ါးအောက်က
အမွှေးပွကော်ဇောလေးတစ်ချပ်ထက်နိမ့်ကျတဲ့သူ
မတန်မရာမျှော်မှန်း
ကိုယ့်အလွမ်း ကိုယ်ပျိုးခဲ့တဲ့သူ
မိုက်မိုက်မဲမဲ တပ်မက်နေခဲ့ရလည်း
(ဟောဒီ့ ကချေသည်လေ…….)
နင့်အနမ်းတွေနဲ့ ………
……………………………………..
လုံးဝ ပတ်သက်ခွင့်မရခဲ့ပါဘူး…………..
………………………………………………………
ဝး၀၅ ချစ်သူရေ……..
ငါဆိုတာက ကချေသည်……..
……………………………………………
ဝး၀၆ နင်အမြဲပြုံးပျော်ဖို့ ………
အသုံးတော်ခံပေးရမယ့်ကချေသည်…….
…………………………………………………….
ဝး၀၇ နင့်အတွက်သက်သက်………
ဖြစ်လာခဲ့ရတဲ့ ကချေသည်…………
……………………………………………………….
ဝး၀၈ ထိုင်ဆိုထိုင် ထဆိုထ………
ငိုရင်းပြုံးပြတတ်တဲ့ ကချေသည်……..
………………………………………………………..
ဝး၀၉ ဆိုင်းမပါဗုံမဆင့်……..
နင့်ကိုသိပ်ချစ်ခဲ့မိတဲ့ ကချေသည်………
………………………………………………………..
ဝး၁၀ ကကွက်ဆန်းဆန်းနဲ့ ………
အိမ်မက်လန်းလန်းလေးတွေ မက်ခွင့်မရတဲ့ ကချေသည်…….
……………………………………………………………………………….
ဝး၀၀ ငါ………….
…………………………..
ကချေသည်……..
………………………………
နင်ပြန်မချစ်ခဲ့တဲ့……..
……………………………………..
အလူးလူး အလဲလဲ………..
……………………………………………..
အ………
သည်း………
ကွဲ………….
ကချေသည်……………….
…………………………………………………..
(ကဲ…………)
နင်အမြဲပြုံးပျော်…………..
…………………………………………
ငါအသုံးတော် ခံပေးနေပါဦးမယ်…………..
…………………………………………………………..။ ။
မိုးထက်အောင်
Comment #3
ဝး၀၀ ငါ………….
…………………………..
ကချေသည်……..
………………………………
နင်ပြန်မချစ်ခဲ့တဲ့……..
……………………………………..
အလူးလူး အလဲလဲ………..
……………………………………………..
အ………
သည်း………
ကွဲ………….
ကချေသည်……………….
…………………………………………………..
(ကဲ…………)
နင်အမြဲပြုံးပျော်…………..
…………………………………………
ငါအသုံးတော် ခံပေးနေပါဦးမယ်…………..
…………………………………………………………..။
Comment #5
ကကွက်ဆန်းဆန်းနဲ့ ………
အိမ်မက်လန်းလန်းလေးတွေ မက်ခွင့်မရတဲ့ ကချေသည်…
စာသားလေးတွေမိုက်တယ်..
Comment #6
ကျေးဇူးအများကြီးတင်ပါတယ်…..အစ်မရေ……..
လိုတာတွေရှိရင်လဲဝေဖန်ပေးနိုင်ပါတယ်ဗျာ……..
Comment #7
ကကွက်ဆန်းတော့တစ်ချိန်မှာအသိမှတ်ပြုခံရမှာပါ… အားမလျော့နဲ့..ဆက်သာက.. 😀
Comment #8
မိုက်တယ် ဗျာ…… အဲဒီလို့ လုပ်ပေးနေတာတောင် ထားဖြစ်အောင်ထားခဲ့သေးတယ်ဗျာ…..
Comment #10
အစ်မရွှေငါး…genius.jinx28…..လိပ်ပြာလေးတို့ ခင်ဗျား…
ကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်ဗျ……
🙂
Comment #11
ကျေးဇူးပါဗျ…..အစ်ကိုဇာတိရေ…..
🙂
Comment #12
ငါ………….
…………………………..
ကချေသည်……..
………………………………
နင်ပြန်မချစ်ခဲ့တဲ့……..
……………………………………..
အလူးလူး အလဲလဲ………..
……………………………………………..
အ………
သည်း………
ကွဲ………….
ကချေသည်……………….
…………………………………………………..
Comment #13
ကျေးဇူးတင်ပါတယ်ဗျ…..
နတ်သမီးရဲ့……..:)
Comment #14
အသည်းကွဲနေတာတောင် ကနိုင်တယ်နော်
အသည်းသာမကွဲဘူးဆို ဘယ်လိုနေမလဲ သိချင်လိုက်တာ
အားပေးနေမယ်နော်……………………………..
Comment #15
သိပ်ကောင်းမွန်တဲ့အရေးအသားပါပဲဗျာ
အားပေးနေလျှက်
Comment #17
Same feeling
Comment #1
ကောင်းပါ့ငါ့ညီရာ။။။ ဆက်သာကနော်။ .အားပေးနေတယ်။