“ ကျွန်တော်တို့ ဘာတွေများ တွေးထားကြသလဲ ” ( လူမော်ငြိမ်း )
ဘဝရဲ့ကာလာက လောကနိယာမအရ
ဘယ်တော့မှ ညီမျှမှာ မဟုတ်ဘူးဆိုတာ သိပါတယ် ။
ကမ်းထားတဲ့ လက်တွေထက် ဖိနှိပ် ထိုးနှက်ချက်တွေကိုသာ မြင်နေရတော့
ဆေးရောင်လှလှ ခြယ်ပေးချင်စိတ်က ဘယ်လိုမှ ထိန်းမရဘူး ။
ဘယ်လောက် တတ်သလဲ ဆိုတာထက်
ဘယ်မှာ တက်သလဲ ဆိုတာက ပထမလား ။
မယောင်ရာ ဆီလူးကြည့်တော့ ဘာထူးလာသလဲ ။
ခေတ်မီမီ ကမ္ဘာကြည့် ကြည့်တတ် ၊ မြင်တတ်ဖို့ မလွယ်လိုက်ပုံများ
ပြောကို မပြောချင်တော့ပါဘူး … ဆရာ မြို့မငြိမ်းရယ် ။
ခေတ်ကိုက တွန်းတွန်း တိုက်တိုက်ခေတ် တဲ့ …
အပေါ်နဲ့ အောက်ကလွဲရင် ကျန်တာတွေကို မမြင်ရဘူး ။
သတင်းအချက်အလက်နဲ့ နည်းပညာဆိုတဲ့ စကားလုံးကို
လယ်ကွင်းနဲ့ ကမ်းနားတွေမှာ မကြားရဘူး ။
ဘာတွေပဲ ဖွဲ့နေနေ ၊ ဘာတွေပဲ လုပ်မယ်ပြောပြော
OLPC * နဲ့ ထုတ်တဲ့ အိန္ဒိယက ၃၅ ဒေါ်လာတန် ကွန်ပျူတာက
ပန်းရောင်းတဲ့ ကလေးငယ်တစ်ယောက်ရဲ့ နေ့အိပ်မက်မှာ ပါခွင့်ရှိလို့လား။
လူကို ကူညီမယ့် လူတွေ … အရောင်ထွက်လာတာကိုပဲ တွေ့နေရတယ်။
လမ်းပေါ်က ကလေးငယ်တွေက လမ်းပေါ်မှာပဲ …
ကြယ်မြင် လမြင် တဲလေးတွေက တိုက်ဖြစ်မလာကြဘူး ။
ကမ္ဘာကို ပြားစေမယ့် အင်တာနက်ကဖေးဆိုတာ ဘာလေးလဲ …
နှစ်စဉ်ကြေး ၁၅ဝဝ မရှိလို့ စာကြည့်တိုက်က အသိဥာဏ်တွေ အိမ်ကို လိုက်ခွင့်မရကြဘူး ။
မရှိတာ ၊ မသိတာတွေထက် … သိသွားတာက ( ဒီနေ့အတွက် ) ပိုခက်လာတယ် ။
.
ပျံချင်တဲ့ ကလေးတွေကို အတောင်တပ်ပေးကြပါ …
စိတ်ဓာတ်ဆိုတာ ကျိုးလွယ် ပျက်လွယ် မဟုတ်ရပါဘူး ။
ပျံချင်တဲ့ ကလေးတွေကို အတောင်တပ်ပေးကြပါ …
စိတ်ဓာတ်ဆိုတာ ချိုးလွယ် ဖျက်လွယ် မဟုတ်ရပါဘူး ။
ဘ၀ရဲ့ကာလာက လောကနိယာမအရ
ဘယ်တော့မှ ညီမျှမှာ မဟုတ်ဘူးဆိုတာ သိပါတယ် ။
ဒါပေမယ့်လည်း …
ကမ်းထားတဲ့ လက်တွေထက် ဖိနှိပ် ထိုးနှက်ချက်တွေကိုသာ မြင်နေရတော့
( ဖြစ်နိုင်ရင်လေ ) …
ကလေးတွေရဲ့ ခေါင်းတွေပေါ်ကို
ပန်းသီးနီ လှလှတွေ ( အညီအမျှ ) ကြွေကျလာစေချင်ပါတယ်ဗျာ ။
( ကျေးဇူးပြု၍ ) …
မဖြစ်နိုင်ဘူးလို့တော့ မပြောလိုက်ကြပါနဲ့ ။
လူမော်ငြိမ်း
Sunday , December 19 , 2010
Comment #2
ဘာတွေပဲ ဖွဲ့နေနေ ၊ ဘာတွေပဲ လုပ်မယ်ပြောပြော
OLPC * နဲ့ ထုတ်တဲ့ အိန္ဒိယက ၃၅ ဒေါ်လာတန် ကွန်ပျူတာက
ပန်းရောင်းတဲ့ ကလေးငယ်တစ်ယောက်ရဲ့ နေ့အိပ်မက်မှာ ပါခွင့်ရှိလို့လား။
လူကို ကူညီမယ့် လူတွေ … အရောင်ထွက်လာတာကိုပဲ တွေ့နေရတယ်။
လမ်းပေါ်က ကလေးငယ်တွေက လမ်းပေါ်မှာပဲ …
ကြယ်မြင် လမြင် တဲလေးတွေက တိုက်ဖြစ်မလာကြဘူး ။
ကမ္ဘာကို ပြားစေမယ့် အင်တာနက်ကဖေးဆိုတာ ဘာလေးလဲ …
နှစ်စဉ်ကြေး ၁၅ဝဝ မရှိလို့ စာကြည့်တိုက်က အသိဥာဏ်တွေ အိမ်ကို လိုက်ခွင့်မရကြဘူး ။
မရှိတာ ၊ မသိတာတွေထက် … သိသွားတာက ( ဒီနေ့အတွက် ) ပိုခက်လာတယ် ။
.
ပျံချင်တဲ့ ကလေးတွေကို အတောင်တပ်ပေးကြပါ …
စိတ်ဓာတ်ဆိုတာ ကျိုးလွယ် ပျက်လွယ် မဟုတ်ရပါဘူး ။
ကောင်းပါသည်။

Comment #9
ပျံချင်တဲ့ ကလေးတွေကို အတောင်တပ်ပေးကြပါ …
စိတ်ဓာတ်ဆိုတာ ချိုးလွယ် ဖျက်လွယ် မဟုတ်ရပါဘူး ။
ဆို တဲ့စာသားလေး နဲ့ တင် ကဗျာ က ပြည့် စုံ သွားပြီ…..ကြိုက် တယ်…copy ကူး လိုက် ပြီ

Comment #10
share ခွင့်ပြုပါ။

Comment #13
ကောင်း လိုက် တာ ………..

Comment #15
ဘ၀ရဲ့ကာလာက လောကနိယာမအရ
ဘယ်တော့မှ ညီမျှမှာ မဟုတ်ဘူးဆိုတာ သိပါတယ် ။
ကမ်းထားတဲ့လက်တွေထက်
ဖိနှိပ်ထိုးနှက်ချက်တွေကိုသာ မြင်နေရတော့
ဆေးရောင်လှလှခြယ်ပေးချင်စိတ်က ထိန်းမရဘူး ။
ဘယ်လောက် တတ်သလဲ ဆိုတာထက်
ဘယ်မှာ တက်သလဲ ဆိုတာက ပထမလား ။
မယောင်ရာ ဆီလူးကြည့်တော့ ဘာထူးလာသလဲ ။
ကျမတို့ဘာတွေများ တွေးထားကြပါလိမ့် / တွေးနေကြပါလိမ့် .. ????

Comment #17
ကိုလူမော်ငြိမ်းေ၇ ဒီကဗျာလေး ခဏငှားသွားတယ်နော် ဟိုဖက်ရွာမှာ သွားကြွားမလို့
ထပ်ရှယ်သွားတယ်လို့ပြောတာပါ ၇တယ်…ဟုတ်။

Comment #26
နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ..ရေးတတ်လွန်းပါတယ်

Comment #27
kyike hnit tet swar arr pay twar par d,

Comment #28
ဘယ်လောက် တတ်သလဲ ဆိုတာထက်
ဘယ်မှာ တက်သလဲ ဆိုတာက ပထမလား ။
မယောင်ရာ ဆီလူးကြည့်တော့ ဘာထူးလာသလဲ ။
ကလေးတွေရဲ့ ခေါင်းတွေပေါ်ကို
ပန်းသီးနီ လှလှတွေ ( အညီအမျှ ) ကြွေကျလာစေချင်ပါတယ်ဗျာ ။
ကိုလူမော်ငြိမ်းရဲ့ ကဗျာတွေက ကောင်းလွန်းတော့ ကဗျာတိုင်းလိုလိုကို နှစ်သက်ပါ၏။း)

Comment #1
OLPC * = One Laptop Per Child .