ဒွိဟ
(တစ်စုံတစ်ယောက်အကြောင်း)
သိလည်း သိနေချင်တယ်
သိလည်း သိမနေချင်တော့ဘူး
တွေးလည်း တွေးနေချင်တယ်
တွေးလည်း တွေးမနေချင်တော့ဘူး
ကြားလည်း ကြားနေချင်တယ်
ကြားလည်း ကြားမနေချင်တော့ဘူး
ကျေးဇူးပြုပြီး ငါ့ကို တစ်ယောက်တည်း နေခွင့်ပေးပါ
ကျေးဇူးပြုပြီး ငါ့ကို တစ်ယောက်တည်း ပစ်မထားပါနဲ့။
Comment #2
တစ်ယောက်တည်းနေခွင့်ပြုပါ
By: မေပျို at Nov 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ် … ဒါ လတ်တလော ဘ၀ ပဲ ။