သင်မပိုင်တဲ့ ကမ္ဘာ
ငါ့ကမ္ဘာမှာ အမှိုက်စတွေ အများကြီးပဲ …
အဲဒါကို ရှင်းမယ့်စိတ်က တံမြက်စည်းကို ဖက်ပြီး အိပ်နေတုန်း …
ငါ့ကမ္ဘာမှာ နို့သောက်ထားတဲ့
ဝလုံးလေးလည်း ရှိတယ် …
အဲဒီဝလုံးလေးက အဘိုးအိုနဲ့ ယုန်သူငယ်ကို
မြိန်ရေယှက်ရေအကောင်လုံးလိုက် မျိုချထားတယ် …
ငါ့ကမ္ဘာမှာ ပဉ္စဂံတစ်ခုနဲ့ သုံးနားညီတြိဂံအချို့ပေါင်းစည်းခြင်းတွေ
မိုးပေါ် ချိတ်တင်ထားတယ် …
သူတို့က မကြားတတ်ပေမဲ့ ငါသူတို့ကို
စကားပြောလေ့ရှိတယ် …
တခါတခါ ငါ့ကို နှစ်သိမ့်ဖို့ သူတို့ထဲက တချို့ခုန်ဆင်းလာကြတော့ …
လမ်းတ၀က်မှာ သူတို့ပျောက်သွားတယ် …
သူတို့ပျောက်ဆုံးခြင်းအတွက် ငိုလိုက်ရတာအမော …
ငါ့ကမ္ဘာမှာ …
မနက်တိုင်း အိပ်ရာပေါ်က င့ါကိုယ်ငါ
ပြန်ခူးပြီး …
ညတိုင်း အိပ်ရာထဲကို ငါ့ကိုယ်ငါ
သမ်းဝေမျည်းငိုက်ပြန်သီးလေ့ရှိတယ် …
ငါ့ကမ္ဘာမှာ …
ဘယ်သူကမှ လက်သင့်မခံတဲ့ အနမ်းတွေ
ငါ့ကဗျာမှာ ပုံအပ်ထားခဲ့တယ် …
ကဗျာဆရာတော့ မဟုတ်ပေမဲ့ ကဗျာမာယာမှာ
ယစ်မူးတတ်သူမို့ …
ငါ့ကမ္ဘာမှာ …
“မသော်တာအကြောင်း တွေးတောခြင်း´´ ဆိုတဲ့ ရိုးရာနဲ့
အိပ်မက်တွေကို ကုလားရှင်ပြု ပြုပေးရင်း ဘာညာကွိကွငါဟာ
သန်းခေါင်ယံကျော်မှ အိပ်တတ်လာပြီ …
လျံနိုး
ဒီဇင်ဘာ ၂၁၊ ၂၀၁၀(ည ၁၁:၂၃)
Comment #1
ကြိုက်တယ်ဗျို့
အားပေးသွားတယ်နော်
5 မိနစ်ကြိးတောင် ကြာတယ်ဗျ