တိတ်တိတ်လေး
လူတွေပြောကြတာပဲ
တကယ်တော့
အားလုံးပြီးသွားပါပြီတဲ့
ဟုတ်ကောဟုတ်ရဲ့လား
ဇာတ်သိမ်းပိုင်းက
လာဦးမှာမဟုတ်လား
ဘယ်သူမှမသိအောင်
တိတ်တခိုးလေးမျှော်လင့်နေမိတုန်းပဲ
အခုချိန်မှာအားလုံးက
လူမှန်နေရာမှန်
ပြန်ဖြစ်သွားတာလား
နေရာလွဲနေတုန်းလား
ဘာပဲဖြစ်ဖြစ်
မျှော်လင့်ခွင့်မရှိတော့လို့
မမျှော်လင့်ရတော့ဘူးဆိုရင်တောင်
ပြောင်းလဲပါစေလို့
ဆုတောင်းမိနေတုန်း
Comment #2
ဘာပဲဖြစ်ဖြစ်
မျှော်လင့်ခွင့်မရှိတော့လို့
မမျှော်လင့်ရတော့ဘူးဆိုရင်တောင်
ပြောင်းလဲပါစေလို့
ဆုတောင်းမိနေတုန်း
အားပေးနေပါတယ်…..မေရေ…..
Comment #4
ဘာပဲဖြစ်ဖြစ်
မျှော်လင့်ခွင့်မရှိတော့လို့
မမျှော်လင့်ရတော့ဘူးဆိုရင်တောင်
ပြောင်းလဲပါစေလို့
ဆုတောင်းမိနေတုန်း
ကြိုက်ပါသည်။
Comment #6
ကဲ………………… ပြည့်စေ……………… ကေရေ……….ဟီဟီးးးးးးးးးးးး 😛
Comment #7
ကေ…………….. ရေ ဆိုတာ……..တို့သူငယ်ချင်းနဲ့ အဖြစ်တူနေလို့ပါ……………………….. တကယ်တော့ မေ့ ကိုပြောတာပါ……………..:D
Comment #8
ကဗျာလေး အရမ်းကြိုက်တယ်နော် အားပေးသွားပါတယ်..မေ
Comment #1
မဝံ့မရဲ ဆုတောင်ခြင်းကို ပုံစံတစ်မျိုးနဲ့ ရေးထားတာ ကောင်းတယ်ဗျာ