ဝေးကွာသွားမယ့်နေ့ ! ! !
ကွေကွင်းခြင်း…..ဝေးကွာခြင်းနဲ့
ကြုံဆုံလာတိုင်း
လွယ်လွယ်နဲ့ မေ့ခိုင်းကြတာ ဘာကြောင့်လဲ?
လွယ်လွယ်နဲ့ မေ့ဖို့ကြိုးစားကြတာကော ဘယ်အလိုအကြောင်းတွေကြောင့်လဲ?
တကယ်ဆို
နီးခြင်း…ဝေးခြင်း…ချစ်ခြင်း…မုန်းခြင်းဆိုတာ
ပညတ်ချက် ၁ ခုပဲ မဟုတ်လားကွယ်။
ဝေးသွားတိုင်း မေ့နိုင်မှာတဲ့လား?
မုန်းသွားတိုင်းလဲ မချစ်သေးတော့တာလား?
ငါ………………..
နင်ဆိုတာ ငါ့ခန္ဓာဥာဏ်အသွေးအသားမှာ
မစိုးမိုးနိုင်တော့တဲ့နေ့ကိုသာ
ချစ်ခြင်း ပြယ်တဲ့(ငါတို့ ဝေးတဲ့)နေ့အဖြစ် သတ်မှတ်လိုက်မယ် ချစ်သူ။
အဲ့ဒီ ၁ နေ့ကစပြီး
နင် နဲ့ ငါ……………… တကယ်ကို ဝေးကွာခဲ့ကြပြီပေါ့။
(၂၂-၁၂-၂ဝ၁ဝ)
Comment #3
တကယ်ဆို
နီးခြင်း…ဝေးခြင်း…ချစ်ခြင်း…မုန်းခြင်းဆိုတာ
ပညတ်ချက် ၁ ခုပဲ မဟုတ်လားကွယ်။
ဝေးသွားတိုင်း မေ့နိုင်မှာတဲ့လား?
မုန်းသွားတိုင်းလဲ မချစ်သေးတော့တာလား?
တကယ်ဖြစ်နိုင်ပါတယ်….
Comment #4
ဝေးသွားတိုင်း မေ့နိုင်မှာတဲ့လား?
မုန်းသွားတိုင်းလဲ မချစ်သေးတော့တာလား?
အရမ်းကောင်းတဲ့ မေးခွန်းလေးပဲ……….ပန်းအိ ကဗျာလေးက အရမ်းကောင်းပါတယ်……။
Comment #8
excellent dream.
Comment #1
ဝေးသွားတိုင်း မေ့နိုင်မှာတဲ့လား?
မုန်းသွားတိုင်းလဲ မချစ်သေးတော့တာလား?
ငါ………………..
နင်ဆိုတာ ငါ့ခန္ဓာဥာဏ်အသွေးအသေားမှာ
မစိုးမိုးနိုင်တော့တဲ့နေ့ကိုသာ
ချစ်ခြင်း ပြယ်တဲ့(ငါတို့ ဝေးတဲ့)နေ့အဖြစ် သတ်မှတ်လိုက်မယ် ချစ်သူ။
ခံစားမှုပြင်းတံကဗျာလေးပါပန်းအိရေ……
တစ်ပုဒ်ထက်တစ်ပုဒ်ပိုကောင်းလာပါတယ်ဗျာ
အားပေးနေပါတယ်……