အကယ်ဒမီလမ်းခွဲ
ချစ်သူ ..
လူမသိတဲ့ လမ်းခွဲမှတ်တမ်းတခုအတွက်
မျက်ရည်ကျဖို့လိုအပ်မှန်းသိခဲ့ရင်
မင်းတင်တဲ့ ရွှေမင်းသားလို
ငါလဲ အသဲအသန်ငိုပြခဲ့မှာပေါ့
အခုတော့ ..
အရှုံးတွေကို သိုသိုသိပ်သိပ် ဖွက်ထားတဲ့
နှုတ်ခမ်းပါးက အပြုံးတချက်က
နှလုံးသွေးစက်တွေနဲ့ အလှမပျက်ခဲ့ဘူးဆိုတော့လဲ ..။
ငါလဲ အသဲအသန်ငိုပြခဲ့မှာပေါ့
အခုတော့ ..
အရှုံးတွေကို သိုသိုသိပ်သိပ် ဖွက်ထားတဲ့
နှုတ်ခမ်းပါးက အပြုံးတချက်က
နှလုံးသွေးစက်တွေနဲ့ အလှမပျက်ခဲ့ဘူးဆိုတော့လဲ ..။
ချစ်သူ ..
ဘယ်သူမှမသိတဲ့ အဆုံးသတ်တခုအတွက်
တဖက်သတ်ခံစားနေဖို့ လိုအပ်တယ်ဆိုရင်
လူမြင်ကောင်းတဲ့ ဇာတ်ရုပ်တစ်ခုကို
ဟုတ်သလိုလို ငါလဲ ဖန်တီးထားခဲ့မိမှာပေါ့
ဘယ်သူမှမသိတဲ့ အဆုံးသတ်တခုအတွက်
တဖက်သတ်ခံစားနေဖို့ လိုအပ်တယ်ဆိုရင်
လူမြင်ကောင်းတဲ့ ဇာတ်ရုပ်တစ်ခုကို
ဟုတ်သလိုလို ငါလဲ ဖန်တီးထားခဲ့မိမှာပေါ့
အခုတော့ ..
ပင်ပန်းတကြီး သိမ်းဆည်းထားတဲ့ အိပ်မက်ကလေးရဲ့
လက်ကျန်မျှော်လင့်ချက်လေးတစုံက
ရင်ခုန်သံတွေ တိုးတိတ်ညင်သာလွန်းတော့လဲ ။။
ပင်ပန်းတကြီး သိမ်းဆည်းထားတဲ့ အိပ်မက်ကလေးရဲ့
လက်ကျန်မျှော်လင့်ချက်လေးတစုံက
ရင်ခုန်သံတွေ တိုးတိတ်ညင်သာလွန်းတော့လဲ ။။
Comment #3
ကိုကြီးမိုးဇက်ရေ…..
သောက်ကြမယ်လေ…..
ကွဲနေမှတော့မထူးတော့ပါဘူး
ခပ်ပြင်းပြင်းလေးနဲ့ စိမ်ထားမယ်…….

Comment #6
မျိုးကြီးရဲ့ကတီပါလမ်းခွဲပီးတော့…ကိုမိုးဇက်ရဲ့အကယ်ဒမီလမ်းခွဲပေါ့…:P
ဒါပေမဲ့..ကောင်းပါတယ်။ 😀

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းကောင်းတယ် မိုးဇတ်ရေ……. အားပေးသွားတယ်နော်..။