ငါ မဟုတ်ခဲ့တဲ့ ငါ……. ( နှောင်းလူ )
ရက်စွဲမဟုတ်တဲ့ နေရက်မှာမှ
ပြဿဒါးရက်က ကန့် လန့် တိုးခဲ့
ရှေ့ တိုးရခတ် နောက်ဆုတ်ရခတ်နဲ့ 
စမ်းတ၀ါးဝါးနဲ့  တွေဝေနေခဲ့တယ်
ပုံမှန်မဟုတ်တဲ့ မိထ္ထူဘ၀နဲ့ 
ရာစုနှစ်တွေတောင် တိုင်ခဲ့ပြီးပြီ
ခြစားနေတဲ့ စာရွတ်ပိုင်းလောက်တောင်မှ
တန်ဖိုးတွေ နိမ့်ကျမှုတွေ များနေပါလား..
ရုပ်သေးရုပ်တရုပ်လို့  ကြိုးဆွဲရာ ကခိုင်းပြီး
အသပြာနဲ့ ဆုံးရူံးနေတဲ့ လူကျင့်ဝတ်တွေနဲ့ 
ဖောဖောသီသီသုံးနေတဲ့ ဟန်ဆောင်မှုတွေက
ရုပ်သေးရုပ်လို မရုန်းထွက်သာစေဘူး
ချူပ်ရိုးအဖာတရာနဲ့  ရိုးသားမှုတွေ
ဖုံးဖိရင်း ကိုယ်ကိုကိုယ် ပြန်လည်စမ်းစစ်လို့ 
ကလေးဘ၀ရဲ့ ရိုးသားမှုကို ပြန်တမ်းတရင်း
ငါ မဟုတ်တဲ့ ငါ ဟာ ငါ မဟုတ်ခဲ့ပါဘူး..။
Comment #5
အစအဆုံးကောင်းပါတယ်ဗျာ…….
By: moehtetaung18 at Dec 23, 2010
Comment #7
ကိုနှောင်းလူ ညီ အားပေးသွားတယ်နော် ကောင်းတယ် အကို
By: genius.jinx28 at Dec 23, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဖောဖောသီသီသုံးနေတဲ့ ဟန်ဆောင်မှုတွေက
ရုပ်သေးရုပ်လို မရုန်းထွက်သာစေဘူး
ချူပ်ရိုးအဖာတရာနဲ့  ရိုးသားမှုတွေ
ဖုံးဖိရင်း ကိုယ်ကိုကိုယ် ပြန်လည်စမ်းစစ်လို့ 
ကလေးဘ၀ရဲ့ ရိုးသားမှုကို ပြန်တမ်းတရင်း
ငါ မဟုတ်တဲ့ ငါ ဟာ ငါ မဟုတ်ခဲ့ပါဘူး..။
ကြိုက်ပါသည်။