အိမ်မက်
ငါ့မှာ…………….
ကျည်တစ်တောင့် နဲ့ သေနတ်တစ်လက်ရှိတယ်………
ပစ်မှတ်များကို ရွယ်ခဲ့ ဖူးပင်မယ့် အခုထိ…………..
ခလုတ်မနှိပ်ရသေးပါဝူးကွယ်………
လူတစ်ယောက်က အခြားလူတစ်ယောက်ကို
ချစ်မိပြီးဆိုတာ သိသွားတဲ့ အခါ
အဘယ်မျှအထိစိတ်ကူးယဉ် မှုတွေမြင့်မားသွားပါသလဲ….
ငါ့ရဲ့ လူသားမလေးရေ….
နယူတန်ရဲ့ နိယာမအကြောင်းကို ယုံသလားကွဲ…
ယုံကြည်တယ်ဆို ရဲ့ဝံ့လိုက်ပေါ့ကွယ်……..
ဒါနဲ့…..
ရောမသူရဲကောင်း အာခိလစ် ရဲ့ အားနည်းချက်က
ဖနှောင့်မှာတဲ့…….
ငါ့ရဲ့ အားနည်းချက်ကတော့….
ကြုံမှပြောပြတော့မယ်……
ကဲ ငါ့ရဲ့ လူသားမလေး ရေ….
ငါ့မှာ ကျည်တစ်တောင့်နဲ့ သေနတ်တစ်လက်ရှိတယ်ကွဲ့..
မင်းဟာ ငါ့ရဲ့ ပစ်မှတ်ဆို သေချာနေလောက်ရောပေါ့….
ငါခလုတ်နှိပ်လိုက်တော့မယ်နော်………။
Comment #2
ဒါနဲ့…..
ရောမသူရဲကောင်း အာခိလစ် ရဲ့ အားနည်းချက်က
ဖနှောင့်မှာတဲ့…….
ငါ့ရဲ့ အားနည်းချက်ကတော့….
ကြုံမှပြောပြတော့မယ်……
ကဲ ငါ့ရဲ့ လူသားမလေး ရေ….
ငါ့မှာ ကျည်တစ်တောင့်နဲ့ သေနတ်တစ်လက်ရှိတယ်ကွဲ့..
မင်းဟာ ငါ့ရဲ့ ပစ်မှတ်ဆို သေချာနေလောက်ရောပေါ့….
ငါခလုတ်နှိပ်လိုက်တော့မယ်နော်………။
ပြောလိုက်ပါ… အားမနာတမ်း….

Comment #6
ကောင်းတယ်ဗျာ..
ဟိုက.. ငြိမ်နေပေးတဲ့ အချိန်မှာမှ…သနားသွားတာတို့…ကျည်ဆန်ဂျမ်း ဖြစ်သွားတာတို့၊ ဘေးနားက ဖြတ်သွားတဲ့ (သို့)ပေါ်လာတဲ့ ပစ်မှတ်က ပိုကြီးသွားတာတို့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်နော်။

Comment #1
ကြောက်ဖို့ကောင်းလိုက်တာ လူသားမလေးတော့ ဘယ် လို့နေလဲ မသိဘူး ကျွန်တော်တော့ ကြောက်လာပြီး ဘယ်သူ လာပေးလိုက်လဲ မသိဘူးနော် … အားပေးသွားတယ် ဗျာ…..