ဖြူစင်ပါစေ အင်းယားရေ
ချိုမြတဲ့….
နှုတ်ခမ်းလွှာတစ်စုံထက်
ရင်ခွင်တစ်ခုလုံး..
ပြိုကျခဲ့ရပေါ့….
တည်ငြိမ်ပြီထင်ထားတဲ့
စိတ်နှလုံးသား
တိမ်တစ်မျှင်လို
လွင့်မျောနေလိုက်တာ
အကျဉ်းချထားတဲ့
ရမ္မက်ဇော …
ချစ်သူအနားရစ်ဝဲနေတော့မှ
နှလုံးသားကို..
ပြန်ငဲ့ကြည့်မိတယ်
ဖုံးလွှမ်းနေလိုက်တာ….
အနက်ရောင်ရင့်ရင့်တွေ
သတိတစ်ချက်ဝင်တဲ့ခဏ
သခင့်လက်..ကို
ဆွဲကိုင်လို့ ….
နှုတ်ဆက်ခဲ့ရတယ် ..
အင်းလျား…….ရေ
ဖြူစင်လို့အေးမြနေပါစေ
ချစ်သူနဲ့အတူ..။
Comment #2
အားပေးသွားတယ် ကိုမိုးစက်
By: genius.jinx28 at Dec 23, 2010
Comment #3
ချိုမြတဲ့….
နှုတ်ခမ်းလွှာတစ်စုံထက်
ရင်ခွင်တစ်ခုလုံး..
ပြိုကျခဲ့ရပေါ့….
တည်ငြိမ်ပြီထင်ထားတဲ့
စိတ်နှလုံးသား
တိမ်တစ်မျှင်လို
လွင့်မျောနေလိုက်တာ
အကျဉ်းချထားတဲ့
ရမ္မက်ဇော …
By: နရီထက် at Dec 23, 2010
Comment #6
So lovely
By: ei lay at Dec 9, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဖြူစင်လို့အေးမြနေပါစေ
ချစ်သူနဲ့အတူ..။