တိတ်တခိုး
နေပါစေတော့
ငါ့အတွက်
လုံလောက်သွားခဲ့ပါပြီ
မင်းရဲ့ ကြင်နာမှုပြည့်ဝတဲ့
အကြည့်တစ်ချက်နဲ့တင်
ပြည့်စုံသွားခဲ့ပြီလေ
မင်းအကြည့်တွေထဲမှာ
ရိုးသား ဖြူစင်လွန်းတဲ့
မင်းရဲ့ တိတ်တခိုးအချစ်ကို
ငါတွေလိုက်ရတယ်
ငါ့အတွက် လုံလောက်ခဲ့ပါပြီ
ပွင့်လင်းမှုဆိုတာ ( အချစ်မှာ )
အပိုပစ္စည်းသက်သက်ပါ
နှလုံးသားခြင်းနားလည်မှုနဲ့
မင်းရင်ထဲက စကားလုံးတွေကို
ငါဖတ်တတ်ခဲ့ပြီလေ
ဒီတော့ . . .
ငါတို့ နှစ်ယောက် မဖွင့်ဟပဲ
တိတ်တိတ်ကလေးပဲ
ချစ်ကြရအောင်နော် ။ ။
Comment #3
ပွင့်ပွင့်လင်းလင်းပဲချစ်ပါ..တော်ကြာ..ဟိုဘက်ကပေးချင်ရင်တောင်ပေးလို့မရဘဲဖြစ်နေမှာဆိုးလို့ပါ… 😀
Comment #4
ကိုမင်းခန့်သူ အားပေးသွားတယ် ၊
Comment #5
နေပါစေတော့
ငါ့အတွက်
လုံလောက်သွားခဲ့ပါပြီ
မင်းရဲ့ ကြင်နာမှုပြည့်ဝတဲ့
အကြည့်တစ်ချက်နဲ့တင်
ပြည့်စုံသွားခဲ့ပြီလေ
မင်းအကြည့်တွေထဲမှာ
ရိုးသား ဖြူစင်လွန်းတဲ့
မင်းရဲ့ တိတ်တခိုးအချစ်ကို
ငါတွေလိုက်ရတယ်
ဝမ်းသာစရာပါပဲ….
Comment #6
တစ်ခါတစ်လေတော့လည်း အသံတိတ်ချစ်တာ ပိုအေးချမ်းမယ်ထင်တယ် ( just kidding) ။
ဒီကဗျာမျိုး နောက်မရေးနဲ့ (နောက်တာပါ)
ကျွန်တော့ တစ်ခါတုန်းက တိတ်တခိုးတွေကို ပြန်မြင်ယောင်လာလို့ပါ ။
Comment #1
ဟာမကောင်းပါဘူးကွာ။ ပွင့်ပွင့်လင်းလင်းပဲချစ်လိုက်ပါ မင်းခန့်သူရာ။ 🙂