ဘ၀ပေတံ
ဖန်ချိုကျစိမ့်မျက်နှာလေး
မနက်ခင်းတိုင်း
ဘယ်စာမျတ်နှာအောက် သွားပုန်းနေလဲ
ဘ၀စာမျတ်နှာတွေ
တစ်ရွက်ပြီးတစ်ရွက် လှန်နေမိ
အင်အားမဲ့ လက်ချောင်းများ
ဘယ်သောင်ကမ်း ဆိုက်မယ်မသိတဲ့
စိတ်ကူးယဉ်ဆန်ဆန် အတွေးများ
ဘယ်အရာကို
ကဗျာဆန်ဆန် ကိုင်တွယ်ရမလဲ
လူတိုင်းလူတိုင်း
ကိုယ့်ပေတံနဲ့ကိုယ်
ဘ၀ခရီးတွေကို သွားနေကြတာပဲ
ငါ့ဘ၀ရဲ့ သမိုင်းစာမျတ်နှာဟာ
တစ်ရွက်မပြည့်ခင်
အဆုံးသက်ခံခဲ့ရတယ်
အပုတ်ချခံခဲ့ရတယ်
နောက်ဆုံး
အမြင့်ဆုံးတင်ပြီးမှ ပစ်ချခံခဲ့ရတယ်
“မင်းခန့်သူ´´ဆိုတဲံ ကောင် ဘာအသုံးဝင်သလဲတဲ့
ငါ့ကိုယ်ငါ မေးကြည့်တော့
ငါဟာငါပဲ ဘာမှအသုံးမ၀င်တဲ့အကောင်
အရာရာကို ကိုယ်စိတ်နဲ့နိုင်း
ရိုင်းနေခဲ့တဲ့ကောင်
နောက်ဆုံးတော့
မှုန်ပြပြ အလင်းရောင်အောက်မှာပဲ
ငါ့ပေတံကိုငါ တိုင်းတာကြည့်နေမိတယ် ။ ။
Comment #2
ဟုတ်တယ်..တိုင်းနေရင်…ရင်မောနေရမယ်..ဒီတိုင်းလေးပဲကောင်းပါတယ်…အတိုင်းတာတွေမရှိဘဲနဲ့ပေါ့
By: ရွှေငါး at Dec 29, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မင်းခန့်သူ´´ဆိုတဲံ ကောင် ဘာအသုံးဝင်သလဲတဲ့
ငါ့ကိုယ်ငါ မေးကြည့်တော့
ငါဟာငါပဲ ဘာမှအသုံးမ၀င်တဲ့အကောင်
အရာရာကို ကိုယ်စိတ်နဲ့နိုင်း
ရိုင်းနေခဲ့တဲ့ကောင်
နောက်ဆုံးတော့
မှုန်ပြပြ အလင်းရောင်အောက်မှာပဲ
ငါ့ပေတံကိုငါ တိုင်းတာကြည့်နေမိတယ် ။ ။
ပေတံနှင့် အခါခါ မတိုင်းပါနဲ့ ရင်မောရတတ်တယ်။ အရှိကိုပဲ ပျှမ်းမျှတွက်ဆလိုက်တာ အကောင်းဆုံးပဲ။ ….