ဒီဇင်ဘာ ပျံ့လွင့်မှု
ဒီဇင်ဘာ ပျံ့လွင့်မှု
X Max
ငါ့ ခံစားချက်တွေ သိပ်သည်းအေးစက်လာလို့ ထွေးအန်လိုက်တယ်………. ကျိုးကြောင်းစပ်ဆက်မှု၊အစီအစဉ်ကျနမှုရှိဖို့ တာဝန်မယူတော့ဘူး………….
xxxxx ဘ၀ကို ခပ်တုံးတုံး ခပ်ညံ့ညံ့ လူတယောက်အဖြစ်ဖြတ်သန်းသွားဖို့ အစီအစဉ်မရှိတဲ့ငါဟာ……… ခပ်တော်တော် ခပ်ထက်ထက်လူတယောက်လဲဖြစ်မလာခဲ့ပြန်ဘူး xxxxxxx -နေနော်-
အရာရာတိုင်းဟာ
ငါလက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ
ငါ့ကို တိုက်စားသွားကြတယ်……..
ပြိးတော့ ငါကျေနပ်သည်ဖြစ် မကျေနပ်သည်ဖြစ်စေ……
ပြန်လည်ထွက်ခွာသွားကြတယ်…………
ခုထိတော့ ငါဟာဝေးနေတုန်းပဲ သဘာဝနဲ့အနိးစပ်ဆုံးနေထိုင်တာတောင် စိတ်အဆာမပြေချင်သေးဘူး………..။
ငါ့ အိမ်မက်တွေ (မိုင်ပေါင်းများစွာ) ဆန့်ထွက်ခဲ့သလောက်
လက်တွေ့ခရီးမပေါက်တဲ့အခါ ရောက်ရာအရပ်မှာ နေရဲဖို့
အံကြိတ်လို့အသားမာတက်ခဲ့ရပါတယ်…..။
တကယ်ဆိုရင် ငါဟာ….
ထင်ရှားချင်ပေမယ့် မကျော်ကြားချင်ခဲ့ပါဘူး…………
အောင်မြင်ချင်ပေမယ့် နာမည်မကြီးချင်ခဲ့ပါဘူး…………
လူရာဝင်ချင်ပေမယ့် လူတွင်ကျယ်မဖြစ်ချင်ခဲ့ပါဘူး…….
အသုံးဝင်ချင်ပေမယ့် အသုံးချခံတော့လဲ မဖြစ်ချင်ခဲ့ပြန်ဘူး…………..
တစ်ခုခုထားခဲ့ချင်ပေမယ့်လည်း
တစ်ခုခုကိုယူမသွားမိဖို့၊ မဖျက်ဆိးမိဖို့ ကြိုးစားနေရဆဲပါ………..
ဒိဇင်ဘာရေ……….. ………….. …………..
ငါ့ကို ဘယ်အထိ ခေါ်ဆောင်သွားမှာလဲ…….
ဒီ
ဒီဇင်ဘာ ကုန်ဆုံးသွားမှသာ ငါ့ကို တယောက်ယောက် လှုပ်နှိုးလိုက်ကြစမ်းပါ………..။
ခုတော့ ငါတယောက်တည်း အေးခဲနေပါရစေ….။
စစ်မုန်းပုန်ကုန်
PS. တကိုယ်ရေပျံ့လွင့်မှုသပ်သပ်သာဖြစ်သည်။
•*★Merry★* 。•。★Christmas★ 。* 。 ° 。 ° ˚* Π____*。*˚ ˚ ˛ •˛•*/______/~\。˚ ˚ ˛ ˚ ˛ •˛• | 田田|門| ˚ And a Happy New Year To You….. 🙂