ခရစ်စမတ်ဆိုတာ … ???
အမေရိကန်က အတွေးအခေါ် …
ဆွိဒင်က အတွေးအခေါ် …
ဘေဂျင်းက အတွေးအခေါ် …
ဖိလစ်ပိုင်(မနီလာ)က အတွေးအခေါ် …
ရန်ကုန်က အတွေးအခေါ် …
ကမ္ဘာတ၀ှမ်းက အတွေးအခေါ်တွေ ခရစ်စမတ်ကို
အဓိပ္ပာယ်ဖွင့်ဆိုပုံမတူကြဘူး …
အမေရိကန်တို့ ဆွိဒင်တို့ ဘေဂျင်းတို့တွေက အေးတော့
ခရစ်စမတ်ကို အနွေးထည်လို ၀တ်ကြတယ် …
ဖိလစ်ပိုင်(မနီလာ)တို့ ရန်ကုန်တို့က ပူတော့ ခရစ်စမတ်ကို
ပန်ကာလို ဖွင့်ကြတယ် …
အဲ … ရန်ကုန်မှာ မီးမလာတော့ ပန်ကာလို ဖွင့်ကြသတဲ့ …
ကဲ …
စဉ်းစားကြည့်ပါ …
ခရစ်စမတ်ဆိုတာ ???
ဘယ်သူက ဘာအတွက် ဘယ်ကို ဘယ်လိုလာပြီး ဘာတွေလုပ်ခဲ့တယ်… ဆိုတာ …
ခင်ဗျားတို့ ရိုင်းစိုင်းတဲ့ ဒီမိုဂရေစီဗန်းပြနိုင်ငံအချို့မှာ …
ရိုင်းစိုင်းတဲ့ မြန်မာနိုင်ငံဒေသအချို့မှာ …
ခရစ်စမတ်ကို ဘီယာဘူးထဲက အမြုပ်တွေ အချို့နဲ့ …
အရက်ပုလင်းထဲက နတ်ဆိုးရယ်သံတချို့နဲ့ အဓိပ္ပာယ်ဖွင့်ကြသတဲ့ …
ခင်ဗျားတို့ ရိုင်းစိုင်းမှုတွေ အော့နှလုံးနာတယ်ဗျ…
ခင်ဗျားကို ချစ်တဲ့ လူတစ်ယောက်တွေးကြည့်ဦး …
လျံနိုး
ဒီဇင်ဘာ ၂၂၊ ၂၀၁၀ ည ၉း၃၀
Comment #3
သင်နှင့်ကျွနုပ်အတွက်ခရစ်တော်မွေးဖွားတာပါ။
လောကသားအားလုံးကယ်ဖို့ရန်မွေးဖွားတာပါ။
အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ။
ငြိမ်သက်ခြင်းအရောက်စီတိုင်းအပေါ်မှာကျရောက်ပါစေ။
Comment #1
မှန်လိုက်တာရှင်….
ခရစ်စမတ်ရဲ့အဓိပ္ပါယ်နဲ့တန်ဖိုးကိုသေချာမသိတဲ့သူတွေအတွက်တော့တကယ်ဘဲဝမ်းနည်းမိတယ်
ခရစ်စမတ်သာမရှိရင် လူသားတွေအတွက် ဘာတခုမှမျှော်လင့်စရာမရှိတာ သင်မသိဘဲကိုး