နတ်သမီးဖတ်လို့ မရတဲ့ ကဗျာတစ်ပုဒ်
ဟော…………..
ကျွန်တော်တအံ့တသြ ဖြစ်နေဆဲမှာပဲ
(နတ်သမီးလေ…….)
လင်းကနဲ လက်နေအောင်ကဗျာတစ်ပုဒ်ဖန်ဆင်းပြခဲ့တယ်
သူ့ နှင်တံထိပ်ဖျားက အဖြူရောင်ကြယ်ကလေးနဲ့ ပေါ့
တစ်ချက်လေးဝှေ့ ယမ်းလိုက်ရုံပါပဲ……
…………………………………………………………..
ကျွန်တော့်ခံစားမှုတွေ စကားလုံးတွေ ကဗျာတစ်ပုဒ်လိုအစီအရီ……..
…………………………………………………………….
………………………………………………………………………………………
ချစ်တယ်……..
…………………………………………..
အဲဒီ့လို အငမ်းမရရေရွတ်နေတဲ့ အစေအပါး
နတ်သမီးခြေဖ၀ါးအောက်မှာဒူးထောက်
(အရူးတစ်ယောက်လို…….)
အချစ်ရောင်သက်သက်လေး ချစ်တတ်ခဲ့တဲ့ကောင်
(ကုန်ကုန်ပြောမယ်ဗျာ……)
ဟောဒီ့ကောင်ရဲ့အချစ်……………..
………………………………………………………
အဖြူရောင်တောင် အစွန်းအညစ်မခံနိုင်ဘူး
(မရှင်းရင် သေချာဖတ်)
ဒီကဗျာက နတ်သမီးအတွက်သီးသန့် ရေးခဲ့တာ
ကျွန်တော်က နတ်သမီးရဲ့ကဗျာတစ်ပုဒ်
(ဒါပေမယ့် သေချာတာက…..)
ကျွန်တော်ဆိုတာ……
…………………………………………..
နတ်သမီးဖတ်လို့ မရတဲ့ ဘာသာခြားအချစ်ကဗျာတစ်ပုဒ်
အဲဒီ့လိုနဲ့ ပဲ…………
………………………………………………………………
ကျွန်တော့်ရင်ခုန်သံတွေ အထားအသိုမှားယွင်းနေခဲ့ရတယ်
(ထပ်ပြောဦးမယ်ဗျာ………)
ကျွန်တော်ဆိုတာ…….
……………………………………………..
နတ်သမီးဖတ်လို့ မရခဲ့တဲ့…………
………………………………………………………….
ဘာသာခြားအချစ်ကဗျာတစ်ပုဒ်ပါဗျာ……
………………………………………………………………………
နင့်နင့်နဲနဲ ကြေကွဲ…………
……………………………………………………………………………….
(အသည်းကွဲတယ်ဆိုတာ………)
ရှေးရှေးတုန်းက ပုံပြင်လေးတစ်ပုဒ်လို…………
…………………………………………………………….
……………………………………………………………………………………………။ ။
မိုးထက်အောင်
Comment #5
ကျေးဇူးတင်ပါတယ်ခင်ဗျာ………….
poemscorner မှာကျွန်တော်ကဗျာစတင်သည့်နေ့ မှ ယနေ့ အချိန်အထိညီအရင်းလိုအားပေးခဲ့တဲ့
အစ်ကိုကြီးမိုးဇက်……..
တချက်တချက်ဝင်ဖတ်သွားပေးခဲ့တဲ့ ကံ့ကော်….
အမြဲလိုမဟုတ်ခဲ့ရင်တောင် အမြဲတမ်းနီးပါးအားပေးခဲ့တဲ့ နှောင်းလူ
အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ……
လေးစားစွာဖြင့်
မိုးထက်အောင်
Comment #7
ဟုတ်ကဲ့ပါခင်ဗျာ….ကျေူးဇူးအများကြီးတင်ပါတယ်
Comment #9
ကျေးဇူးအထူးတင်ပါတယ်…..အကိုdemon 13 ရေ…..
Comment #11
မဖတ်ချင်တဲ့ နတ်သမီးလေးရှိသေးတယ်လိပ်ပြာလေးရဲ့…..
သူ့ အတွက်ပါ…..:)
Comment #12
ငါလဲဖတ်လို့ရတယ်.. 😀
Comment #13
ဟုတ်…..နတ်သမီးမဟုတ်တဲ့သူတွေတော့ဖတ်လို့ ရတယ်လေ…..:)
Comment #14
သြော်…ရက်စက်လိုက်တာ…မဖတ်တော့ပါဘူး…. :'(
Comment #15
oh,,,
so nice,,,
Comment #16
😛
Comment #1
အိုကေ