ဖီးနစ်ဌက်ရဲ့ ဆွေးမီးလျှံ – နရီထက်
ငါ့ရင်တွေ လောင်ကျွမ်းနေတယ်
တစ်ကိုယ်လုံးကို ကူးစက်ခဲ့ပြီးလား
အတောင်တွေကို ဖြန့်ထားကာစ
မီးစွဲစနှင့် …
ငါလေး …. တစ်ဟုန်းထိုးနှင့် …
အမြင့်ကို ပျံနေတယ်…
နာကျင်လှ ငါ့နှလုံးတွေ
အရိုးဆွေးမတတ် လွမ်းနာကျလှပြီး
အမြင့်မှာနေ မီးလျှံက ဝေ
ဝေနေလို့ ပျံပါတယ်..
အတောင်တွေရယ် နာလှပေါ့
ဖေးကူမရယ် ဝေးလှပါပြီး
အို… ငါတစ်ယောက်ရယ်…
သူတို့လေး…
ငါ လှစကလည်း ကြည့်ကြတယ်…
ငါ မြင့်သမျှကိုလည်း ပြောကြည့်ကြတယ်…
ငါ ရောက်သမျှကိုလည်း တွေးတတ်ကြတယ်…
ငါ မီးစွဲနေချိန်မှာလည်း ကြည့်နေကြတယ်…
ငါ သည်သာ ငါဘ၀…
ငါ ဘ၀ အတွက် ငါသည်သာ…
ငါ ဆက်ပျံသန်းနေရအုန်းမှာပေါ့…
ငါ့ အသည်းတွေ လောင်ကျွမ်းလွန်းလို့
အတောင်တွေ အရောင်တောက်နေတယ်…
နာမှ လှမှာလား…
အသာ မစံစေချင်ဘူး…
လွတ်ရာကို ရုန်း…
ရုန်းရာမှာ ကပ်ငြိကာ ပါလာလေတယ်..
တစ်စတစ်နှင့် ပြာတွေ ဝေနေပြီး
ပြာပုံတွေ စုပုံကျလို့နေ
ငါ့ဘ၀ ငါ့အလှတွေ….
ပြာပုံကို မီးတက်ရှို့
တစ်ငွေ့ငွေ့နှင့် စခဲ့ပြီး
မီးထဲက ငါ့ဘ၀…
အသက်သွင်းကြတစ်ဖန်..
အို လောကဓံ…
ငါအဖို့တော့ မဆန်းကြယ်
အို လောကဓံရယ်…
အတောင်တွေဖြန့် လှည့်ပတ်ကြည့်တယ်..
ငါ့ဘ၀ ငါ့အလှတွေရယ်…
တစ်ဖန် ဖီးနစ် ငါ့အမည်
ပြန်ရခဲ့ပြီး ငါ့ခရီး…
ရင်းရမဲ့ သည်ဘဝ
အပေးအယူဆိုတာ မမျှတာဘူးလို့
ငါ မဆိုလိုချင်ဘူး…
အလိုမကျလို့ ဦးညွတ်မစေချင်ဘူး
အလိုကျအောင်လည်း ကွေးညွတ်မစေချင်ဘူး
ထက်အောက်တစ်ဖန် …
သည်စပ်ကြား…
ရောင့်ရဲမှုက အဓိကလား…
အစကတည်းက မီးဖြစ်နေပြီးထား..
ပြာတစ်လှည့်ဖြစ်အချိန်မှာ…
မကြောက်ဘူးဟေ့…
လောကဓံ….။ ။
နရီထက်
( ၂၇ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )
Comment #2
ကျေးဇူးပါ genius.jinx28
Comment #3
ဖီးနစ်ကြီးရေ
အားပေးနေတယ်
အမြဲ
Comment #1
မကြောက်ဘူးဟေ့…
လောကဓံ….။ ။
ကိုနီ၇ီထက် ကောင်းတယ်ဗျာ…. အားပေးသွားတယ် အကို