ထားခဲ့တဲ့နောက်…. (မိုးဇက်)
မခမ်းနားတော့တဲ့ဇာတ်လမ်းတပုဒ်
အလွမ်းတွေနဲ့သိမ်းထုတ်ကာထား
(ငါလေ) တခမ်းတနားလုပ်နေချင်သေးတယ် ကောင်မလေးရယ်….
တကယ်ဆိုရင်လေ
မင်းထားသွားတဲ့နောက်
ရင်ကွဲနာပျောက်ဖို့
ငါအလွမ်းခါးခါးတွေပဲသောက်ဖြစ်နေပါတယ်…..
တစ်ခါတစ်လေ…
မင်းဓာတ်ပုံတွေကြောင့်
စနိုးစနောင့်ဖြစ်တာကလွဲရင်
ငါတော်တော်နေသားကျနေပြီလို့တော့ထင်တာပါပဲ။
ဒါပေမယ့်မင်းသိပ်ကြိုက်တဲ့မိုးမိုးသီချင်း
ငါ့အတွက်လွမ်းချင်းများဖြစ်နေသလား
ထားရစ်ခဲ့တဲ့ ကောင်မလေးရယ်…..
♫…♫……♫ “ဒီအချိန်….. ဒီဇင်ဘာ….. ငါလေနှင်းများကြားလွမ်းမိပါသည်….
စွန့်ပစ်သွားခဲ့တာအချိန်ကြာပြီ…… စွန့်ပစ်ခဲ့တဲ့ .. ငယ်ချစ်ဦးရေ…..” ♫…♪….♫……♪…..
Comment #7
အကိုကြီးးမိုးဇက်…..ညီသောက်ချင်လာပြီ…..အေ့စ်
ကဗျာလှလှလေးတွေနဲ့ ကျွန်တော့်အကိုချောချောကြီး
အသည်းကွဲသမားဘ၀မှလွတ်စေကြောင်း
ဆုမွန်ကောင်းတောင်းလုက်ပါတယ်ဗျာ…..အေ့စ်…
အေ့စ်….
လိပ်ပြာလေးကို့ အကိုရဲ့ချစ်ချစ်လေ…အဲလိုပြောကောင်းဘူး….ဟ
🙂
Comment #10
မခမ်းနားတော့တဲ့ဇာတ်လမ်းတပုဒ်
အလွမ်းတွေနဲ့သိမ်းထုတ်ကာထား
(ငါလေ) တခမ်းတနားလုပ်နေချင်သေးတယ် ကောင်မလေးရယ်….
မင်းထားသွားတဲ့နောက်
ရင်ကွဲနာပျောက်ဖို့
ငါအလွမ်းခါးခါးတွေပဲသောက်ဖြစ်နေပါတယ်…ရှင်းရှင်းလေးနဲ့ မိုက်တယ် ကိုမိုးဇက်..အားပေးသွားပါတယ်။
Comment #12
nice ,,,nice,,,
Comment #13
nice…like…
Comment #14
a kwar a way ka chit chin ko ma kwe naing par bu
tan ta ya tway ka tar chit chin ko phyat se pyit kya tar
Comment #1
ရင်ကွဲနာပျောက်ဖို့
ငါအလွမ်းခါးခါးတွေပဲသောက်ဖြစ်နေပါတယ်….
အကိုတော်အလွမ်းသမားကြီးရေ…….
အားပေးနေပါတယ်ဗျာ…….
ညီတော်အလွမ်းသမားလေးက……..
🙂