“တကယ်တော့ သူမဆိုတာ အဲ့လိုလူ”
လက်တစ်ဘက်….
ငါလိုဖိနပ်ပြတ်ကိုကောက်မယ့် လက်တစ်ဘက်ရှိတယ်
နွေးနွေးထွေးထွေး ရင်ငွေ့နဲ့အပ်လို့
ချစ်တယ်ဆိုတဲ့စကား အခုငါနားထဲလဲမခါးတော့ဘူး
တချို့တွေက ဖြုတ်ချ….တချို့တချို့တွေများပါဆို ကန်ပါချရဲ့
ပဲ့ခဲ့တဲ့ ငါ့နှလုံးသား….သူအတိုးချပြီးကုစား….
အဟား….တခါတခါ ငါအိမ်မက်များတောင်ထင်မိပါတယ်
သူ့ရင်ခွင်ထဲ တခါတခါ ငါဆိုတာ သေးသေးလေး…နဲ့….ကွေးကွေးလေး
တခါတခါ ကလေးလေးလိုပါပဲ
အဲ့ဒါ သူမပေးတဲ့မေတ္တာ…ငါအခါခါပြုတ်ကျရင် အခါခါ ပြန်ဆွဲထူပေးလို့
ငါ့ကိုလည်း နောင်ပြုတ်မကျအောင်သင်ပေးတယ်…
ဟုတ်ပါတယ်..သူမဆိုတာ ငါ့အတွက် ဆရာ…
တကယ်တော့မရှိမဖြစ်လိုပါပဲ…ငါအလဲအကွဲဖြစ်နေရင်သူ့အတွက် သူ့အလုပ်တွေအကုန်ဖယ်လို့
သူဆိုတာ ငါ့အတွက်ပါပဲ….ငါ့အနားနား အနားကပ်ခါပြောပြတတ်တယ်
ငါ့ဘေးနားမရှိရင်တောင် ငါ့ကို ဘေးစကားတွေမယုံလောက်တဲ့အထိ သက်သေပြတတ်တဲ့သူ
သူဆိုတာ ငါ့အတွက်လူတဲ့……………..
ငါ ဘာအပြစ်လုပ်လုပ်ခွင့်လွှတ်သူ….သူ့ဘေးနားငါမရှိတောင် ချစ်တတ်သူ
တကယ်တော့ ငါ့အတွက်တစုံတရာကိုမွေးဖွားစေခဲ့တဲ့…
…………သူမ..ဆိုတာ…အဲ့လိုလူ…..။ …… ။
Comment #2
အရမ်းကြိုက်တယ်
Comment #4
ကောင်းတယ်သားသား…..စာသားတွေအားပါတယ်
Comment #5
အင်း….သူမဆိုတာအဲလိုလူ… 😛
ကောင်းတယ်… 😀
Comment #7
သားသားေ၇ အားပေးသွားတယ် စကားလုံးတွေက အ၇မ်းမိုက်တယ်
Comment #8
သူ့ရင်ခွင်ထဲ တခါတခါ ငါဆိုတာ သေးသေးလေး…နဲ့….ကွေးကွေးလေး
တခါတခါ ကလေးလေးလိုပါပဲ
မောင်သွေးနဲ့ ဘာတော်လဲဝေ့ … 😛
ကြိုက်တယ်ကွယ် … မိုက်စ် …
Comment #9
ကျေးဇူးပါ အားပေးကြတဲ့ အစ်ကိုတော် အစ်မတော်တွေ
အကုန်လုံး ကျေးဇူးပါဗျာ
🙂
Comment #11
ti yin le p tar pe
Comment #12
🙂
Comment #13
read again par
Comment #14
a yan kyike loh
Comment #1
ငါ့ဘေးနားမရှိရင်တောင် ငါ့ကို ဘေးစကားတွေမယုံလောက်တဲ့အထိ သက်သေပြတတ်တဲ့သူ
သူဆိုတာ ငါ့အတွက်လူတဲ့……………..
:atb ကောင်းတယ် သားသားရေး)း)း)