တားမြစ်ချက်
သူ့အသည်း..ကိုယ်လှီး
ကိုယ့်အသည်း..သူထုတ်
အသဲခွဲ..ကစားပွဲတွေထဲလည်း
နှလုံးသားတခုလုံး…ရှုံးခဲ့ပြီးပြီ..ချစ်သူ!
နင်ပြုံးရင်ငါပျော်
နင်မုန်းရင်…ငါရှုံး..
နှစ်ကိုယ့်တစ်စိတ်..နှစ်လွှာတစ်ရွက်
စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွေထဲ
ပိန်းပိတ်အောင်အမှောင်ကျဖူးပြီ…..
နင်ရက်စက်လို့
ငါအသက်မထွက်ပေမယ့်……
ဒီဘ၀တော့..ချစ်ခြင်းဆိုင်ရာ
1500သီအိုရီ….
ဒီနားတင်ငါရပ်တန့်လိုက်ပြီ..။
လေပေါ်ဝဲတဲ့ချစ်ခြင်းများထဲ
“ခွဲမသွားပါဘူး”ဆိုတဲ့ကတိစကားတွေလည်း
ငါ့ရင်ခွင်မှာမှ
ကြွေကျ..မြေခခဲ့တယ်!
နောက်ဆုံးအကြိမ်အဖြစ်
နင်ရှိရာအရပ်…စိတ်ကူးနဲ့မှန်းလို့
ဦးညွှတ်လိုက်ပါရဲ့….
အသည်းကစားတဲ့ပွဲစားကြီးနင့်ကိုပေါ့။
မြေနိမ့်ရာလှံစိုက်
မရှိ..သူခိုး..ရိုးတဲ့ဒီပွဲမှာ
ချစ်လွန်လွန်းလို့..အရှုံးပေးခဲ့ပေမယ့်
ငါ….မာနတချို့နဲ့…
ရှေ့ဆက်နေဦးမယ်…..။
အထီးကျန်သူငါ့ဘ၀ထဲ……………
…
………အလွမ်းပေးသူ….
…………………………….မလာရ!
Comment #4
အဲ…အဲ…မလာနဲ့ ….မလာနဲ့ 
ဟေ့လိပ်ပြာ ….လာလို့ မရဘူးနော်…ငရဲကြီးမယ်
အသဲကွဲမိုး……
အဲကောင်မလာခိုင်းနဲ့ ဘယ့်နှယ်
Comment #7
အသဲကွဲမိုးေ၇…. အာပေးသွားပါတယ်
Comment #9
လိပ်ပြာ……နင်ပြောလေကဲလေပါလားကွယ်…
ငါ့နှယ်ကွာ….ဘယ်လိုစကားတောင်စားကို ညီလာတော်နေရမှန်းမသိ…..ဟင်း
🙂
Comment #13
thank bro: zawthetoo
Comment #1
ပြော…….အဲလိုလူကို…ပြောဗျာ