စိတ္တဇည၏အလွမ်း
တိတ်ဆိတ်မှောင်မိုက် လအမိုက်၏
မဟူ၇ာပ၀ါခြုံလို အိမ်မေားကျပြန်ပေါ့
ခေါက်တုန့် လူးလား မြောက်လေ၇ူးပမာ
ဆော့မြူးတတ်လှ နှင်းပွင့်လေးတွေက
ချမ်းစိမ့်စိမ့် အအေးဒဏ်နဲ့
အလွမ်းဆိုတဲ့ အဆွေး၇ိပ်က
ထွေးသိပ်လို ခက်လှပြန်တယ်ရဲ့ကွယ်..။
နှင်းစက်ပယ်ဖျောက်
အချမ်းပျောက်ဖို့
မီးပုံနံဘေး ခြုံဆောင်လေးနဲ့
သတိရစိတ်ခဏ တိတ်ဖို့
အတင်ချေဖျက် မရခဲတာက
အလွမ်းဆိုတာ ပူလောင်ခြင်းများလားကွယ်..။
ရင်မှာငိုငြီး ဗျာပါမီးတို
ကြီးစိုးလောင်မြိုက် အပူတိုက်လို
ခံစားအနေခက် အပူ ရေပွက်ပေါ့
ကြေငြာရင်ဖြင့် ဝေဒနာတွေလူသိမှာစိုး
တိုးတိတ်လို့စိုးရိမ်
သောကကိုလျှိုဝှက် အသံမဲရှိုက်သံကို
မောဟနဲနေတတ်ခဲပါပြီ..။
ချစ်သူကိုမှန်ဆ တမ်တလိုမျှော်
အတွေးပုံရိပ် အရိပ်ထင်လို့
အေးစက်ညမှောင် ဂယောင်ခြောက်ခြား
အိပ်ရာမွေ့ထက် မှေးစက်လို့ အိပ်ပျော်
ပျော်ပါလေစ ပျော်လေစကွယ်…။
အချမ်မသင့် နှင်စက်မရှိုက်
မြူမှုံတွေမထိစေဖို့
အချစ်မေတ္တာ တခါး စေ့ထားပါတယ်
မှေးပါလေတော့ ပျော်လေတောကွယ်
အိပ်စက်မပျော် မျှော်ကိုးသူတစ်ယောက်
ဟိုးအ၇င် အစ ချိန်းတွေစဉ်က
ဘုရားရင် ပြင်တော်ပေါ်ရောက်
ခရေပင်အောက် ပန်အကြွေကောက်လို့
ချစ်သူဆံထုံး ခရေကုန်းနဲ့
ပန်းသီးလို့ ဆင်ယဉ်ထုံးဖွဲ့
အပြုံးလက်တွေနဲ့ပေါ့ ကွယ်..။
ချစ်မေတ္တာအတိမ်နက် စမ်းသပ်ဖို့
အနမ်းဖွဲလေတော့ ရှက်ပြုံးလေးနဲ့
ရင်ခွင်မှပြေးပုန်းလို့ 
အရှက်တွေရင်ခအောင် ကြွေကျလို
ပန်းခရေလေးတွေတောင် ရှက်လိုတဲ့ကွယ်..။
မှန်းဆပါလေ သတိရစေတော့ကွယ်..။
စမ်းဝါးဝါး အတွေခြေသံက
ညအမှောင်မှာလရောက်ပုန်းသလို
အဆွေးနဲ့အတူ လေယူရာယိမ်း
ဟိုး ….စဉ်အတိတ် အဆွေးရိပ်ကို
တွေးလေလေ အပူမိပြန်ပေါ့
သတိတရညအမှောင်ကို မုန်းမိပြန်ပါတယ်
အော်………
အလင်းပျောက်လို့ အမှောင်ေ၇ာက်ရင်ဖြင့်
စိုးကြောက်ကာရင်ထိပ်မိပါတယ်
မောင့်ဘ၀ စိတ္တဇညတွေပါကွယ်…။။
Comment #1
ဒါလေးလဲ သိမ်မွေ့တယ် နှလုံးသားကို နူးညံ့စေပါတယ် အစ်ကို …….. (စာလုံးပေါင်းပြင်ပါနော်) စာလုံးပေါင်း မမှားရင် အစ်ကို့ကဗျာလေးတွေက ပိုအသက်ဝင်သွားမှာဗျ