နုညံပါတယ်ကွယ်
မာယာဆန်တိုက်ကွက်အောက်
ငါယုံကြည်မှု ခြေလှမ်းတွေ
နင်းချစရာတောင်မရှီတော့ပါလား
စီရင်ထားတဲ့ထောင်ချောက်ကိုမှ
မျက်စိစုံမှိတ်လိုခုန်ဝင်ခဲမိတာ
မင်းကလည်း သေသပ်လိုက်ပါဘိကွယ်။
ရီဝေေ၀အနမ်းတွေကြောင့်
ငါဟာလေ မိုက်တိမိုက်ကန်းနဲ့
သံခေါင်ယံညအမှောင်ထဲ
အရူးတစ်ယောက်လို ဘုံပျောက်ခဲ့ပါပြီကွယ်။
အံသြသင်စရာကောင်းတဲ့ စကားတွေကြားမှာ
ဒူထောက်လို့ ခေါင်းလျှိုမိလိုက်တော့
အဆိပ်သင့်တဲ့ နှင်းဆီတပွင့်လိုပဲ့
ဆူးချွန်တွေ လဲ အစွမ်းမဲလို့
နေ-၀င်မဲ့ ရှင်သန်မှုတွေနဲ့လေ။
စနစ်တကျခွချက်ခွင့်ရတဲ့ မြင်းရုပ်လေးတစ်ကောင်လို့
ဟားတိုက်လို လှောင်ရယ်လိုက်ပါ
ငါကတော့ နယ်ရုပ်လို ခပ်ဆိတ်ဆိတ်ပါကွယ်
ကဲအခုတော့ ရက်ရက်စက်စက် မြှားတွေအသင့်နဲ့
ကြေမွတဲ့ ငါရင်ခွင်ကိုမှာ ခွင်းချင်သေးတယ်ဆိုရင်
သတိကပ်လိုရင်ဖွင့် ငါဘက်က အသင့်ပါ
ဟန်ဆောင်ကာပြုံးပြမယ်ဆိုရင်ပေါ့လေ…..။
တကယ်တော့
ဒူထောက်လိုအညံ့ခံ တန်ပြန်ကာတိုက်စစ်မဆင်ခဲတာ
ငါ နှလုံးသာက နုညံလိုပါကွယ်..။။
Comment #4
super like
Comment #5
A yann khike de.
😛
😉
Comment #1
ကောင်းတယ်ဗျ ……….. ကဗျာလေးက သိမ်မွေ့တယ်…….. အားပေးသွားတယ်နော် အစ်ကိုကျော်ဖုန်း