ဒီကောင့်ကဗျာ ဒီလိုရေးတယ်ဗျာ
၁။ တစ်ညလုံးထိုင်သောက်တဲ့အလင်းဆိုင်ထဲ
မျက်ရည်နဲနဲ ရွှဲတယ်
(အမှတ်မပေးနဲ့  တန်းမ၀င်ဘူး)
ဒီကောင့်ကဗျာ ပရမ်းပတာရေးတာ
သစ္စာတရားတော့ ပါကောင်းပါလိမ့်မယ်
အသေအချာဖတ်………..
…………………………………………….
၂။ အချစ် အမုန်း
(အဲဒီတော့ဘာဖြစ်တုန်း)
ကြုံတုန်းလေးပြောဦးမယ်
ဝမ်းချုပ်တဲ့အကြောင်းခံစားပြီးရေးတာလဲကဗျာ
အားမနာပါးမနာ မဝေဖန်နဲ့ 
ရှေးရှေးတုန်းကလဲ လေကန်ခဲ့သူတွေအများကြီး
၃။ သိပ်တော်တယ်…….
……………………………
သိပ်တတ်တယ်…….
………………………………….
(ရော့………)
လှေယူသွား………
………………………………………..
အဲဒီ့ရွာမှာ ကဗျာအကြောင်းအရမ်းကာရောပြောကြတယ်
၎။ (တစ်ခုပြောမယ်………)
ကျွန်တော့်ကဗျာ…..
……………………………….
တံဆိပ်မကပ်နဲ့ ………
………………………………………….
ဘာနဲ့ မှမလိုက်ဖက်ဘူး
မဖျစ်နဲ့  မညှစ်နဲ့ 
သူ့ အလိုလို ဖြစ်လာခဲ့တာ
ကျွန်တော်က ကဗျာရေးတယ်….
………………………………………….
ကဗျာက ကျွန်တော့်ကိုရေးတယ်…..
……………………………………………….
ကျွန်တော်နဲ့ ကဗျာ အပြန်အလှန်ရေးတယ်…..
……………………………………………………….
(ကဲ……….)
ဘယ်သူဘာပြောမလဲ….
………………………………………………………………..
၅။ (စိတ်မဆိုးနဲ့  ခွင့်လွှတ်)
ဒီကဗျာရေးဖို့  စွန့် လွှတ်ခဲ့ရတာအများကြီး
ထပ်စွန့် လွှတ်ရမယ်ဆိုလဲ…..
…………………………………………
စွန့် လွှတ်ရဲသေးတယ်……
(ဒါပေမယ့်)
ကျုပ်……
…………………………………..
ကဗျာဆက်ရေးနေမယ်…..
(အသေအချာဖတ်…..)
ဒီကောင့်ကဗျာ…..
………………………………………………..
ဟောဒီ့လိုရေးတယ်ဗျာ……
…………………………………………………………
………………………………………………………………..။ ။
မိုးထက်အောင်
Comment #5
ဒီလိုပဲ ဆက်ေ၇းပါဗျာ… အဲဒါမှ အားပေးလို့၇မှာ
Comment #6
အကိုကြီးမိုးဇက်ရေ…ကျေးဇူးပါဗျ
danကိုလည်းကျေးဇူး……အေ့စ်….:)
လိပ်ပြာကျေးဇူး….
genius…….ကျေးဇူး…..
အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ……:)
လက်ဆော့လိုက်တာနည်းနည်းပြင်းသွားတယ်….အဟဲ
Comment #8
ကျေးဇူးတင်ပါတယ် နှောင်းလူရေ…..
Comment #1
ဟုတ်တယ်ကွာ… အဲလိုပဲရေး…….