သမိုင်း အပိုင်းအစလေး
လောကကိုဝင်ခဲ့
*အူဝဲ* သံဖြင့်
လူသားအဖြစ် စတင်ခဲ့တယ်။
အမေ့နို့ချို သောက်သုံးပြီးတော့
အခုဆိုရင်
တီတီတာတာ စကားဆိုပြီး
လမ်းတွေကိုလည်း လျှောက်တတ်ခဲ့ပြီ။
ချစ်ဖွယ်စကား အမူအရာများနဲ့
အားလုံး *အချစ်* ပိုင်ဆိုင်ခဲ့တယ်။
အဖေသည် *နေမင်း*
အမေသည် *လမင်း*
တောက်ပ အေးမြ အလင်း ၂ သွယ် လွှမ်းခြုံစေပြီး
ဒီလိုနဲ့ပဲ
ကျောင်းတော်ကြီးကို စတင်ခဲ့တယ်။
*က-ကြီး* *ခ-ကွေး* နူတ်ရွတ်ဆိုပြီး
အရေးသွက်အောင် ကျေညက်ရအောင် ကြိုးစားမှုတွေ ပြုကျင့်ခဲ့တယ်။
၁၁ – နှစ်တာကို ဖြတ်သန်းပြီးတော့
ကျောင်းတော် *တက္ကသိုလ်* ရောက်ခဲ့ပြီပေါ့။
အရောင်သွေး ကာလာစုံတဲ့ လောကကြီးမှာ
ပျော်ရွှင်မှူနဲ့ နုပျိုမှုတွေ ပိုင်ဆိုင်ခဲ့တယ်။
ဒီလိုနဲ့ပဲ
လုပ်ငန်းခွင်ကို ဝင်ခဲ့ပြန်တယ်
လူမျိုးအစုံ….ဘာသာအစုံ…စရိုက်စုံနဲ့
အကျွမ်းဝင်ခဲ့ .. သင်ယူခဲ့ရ .. ပြုကျင့်ခဲ့ရ … သိရှိခဲ့ရ
*ဘဝ* ဆိုတဲ့ ဘာသာရပ်ကို
သင်ယူနေဆဲပါ။
ဒီလိုနဲ့ပဲ
*ဘဝ* ဆိုတဲ့ ဇာတ်ခုံကြီးမှာ
ကျရာ ဇာတ်ရုပ် ဆက်ကနေဆဲပါ။
(၃ဝ-၁၂-၂ဝ၁ဝ)
Comment #1
ကောင်းပါတယ်ဗျာ……
ဆက်ရေးပါအမပန်းအိရေ