အပြောင်း အလဲ
အပြောင်း အလဲ
ဟောင်းနွမ်းလို့ ပြောင်းလဲတာလား?
ပြောင်းလိုက်လို့ကော ဟောင်းသွားမလား?
ကောင်းဖို့ဆို ပြောင်းလဲလိုက်ပေါ့
အကောင်းကြီးကိုတော့ မပြောင်းလဲပါနှင့်…….
အသစ်၊သစ်ကို မက်မောတာ အတ်တ ဆို ?
အချစ်စစ်ကို မက်မောတာ မင်းရင်ထဲက ဆို ?
အချစ်စစ်ကို တွေ့ဖို့ အသစ်၊သစ်တွေနဲ့ အလဲထပ်မလား
ဟုတ်တရ်
ဟောင်းနွမ်းသွားလို့ ပြောင်းလဲရင် ပြောင်းလဲပေါ့ ဒါအတ်တပဲ။ ။ ။
ဒါပေမရ့်
ငါ့ရဲ့ မဟောင်း မနွမ်း ‘ ဒသ၁န ‘တစ်ခုက
အချစ်စစ်က ပြောင်းလဲဖို့မလိုပဲ မဟောင်းနွမ်းတဲ့
သစ်မြဲ သစ်ဆဲ ရှေးဟောင်း ရတနာ ပါ။ ။ ။
မင်းလေ
အတ်တ ကို ခုတုံးလုပ်ပြီး
အချစ်စစ်တွေကို မောင်းထုတ်ခဲ့တရ်နော်……..
သြော်… လမ်းကြုံတဲ့အခါ
တစ်ခါလောက် ရှေးဟောင်းကြီးကို
ချောင်းငဲ့ကြည့်ပါ ပြောင်းလဲသွားပီလားလို့။ ။ ။
နေ့သစ်
-.-.2008
နှစ်ဟောင်းက အမူ အကျင့်ကောင်းတွေကို နှစ်သစ်မှာ ဆက်လက်အသုံးချပီး
အမူအကျင့် မကောင်းတာတွေကိုတော့ ဟောင်းချင် ဟောင်းသွားပါစေ ပြောင်းလဲပစ်လိုက်နိုင်ပါစေလို့
နေ့သစ် မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် သူငယ်ချင်းတို့……
Comment #4
ဟောင်းနွမ်းလို့ ပြောင်းလဲတာလား? (အသစ်ကနေအဟောင်းဖြစ်ပါတယ်ဆိုမှပြောင်းသွားတာလေကိုနေ့သစ်ရဲ့)
ပြောင်းလိုက်လို့ကော ဟောင်းသွားမလား? (ပြောင်းလိုက်ရင်တော့သစ်သွားမယ်ထင်တယ်.. ခုခေတ်ကrecycle လုပ်လို့ရတယ်ဆိုတော့) .. 😀 (နောက်တာ) အသစ်တွေရေအုံးလေ.. အဟောင်းတေကိုနှစ်ဟောင်းမှာထားပီးအသစ်လေးတွေဖန်တီးပါအုံး.. 🙂
Comment #6
အင်းးးးးးမပြောင်းခင်က…………….. 😛
Comment #1
ကောင်းတယ် နေ့သစ်ရေ ….