ခွင့်လွှတ်ပါ
မျက်လုံးမှာ မျက်ရည်စတွေနဲ့
သူ ငိုနေတယ်ဆိုတဲ့ အသိက
နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံလိုက်ရသလို
ခြောက်ခြားပူလောင်သွားတယ် ……
သြော်……… ငါ
ငါ…..ငါ့ရဲ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်စက်တွေနဲ့ပါလား
ဒါပေမယ့် တို့နှစ်ယောက် ကွားခြားလှပါတယ်…..
မင်းရဲ့ မျက်ရည်တွေက ဖြူစင်တဲ့
အပြစ်ကင်း မျက်ရည်ဖြူဖြူလေးတွေပါ…….
ငါ့ရဲ့ မျက်ရည်တွေက
နောင်တနဲ့ ယူကြုံးမရမှုတွေ
တစ်ပြုံကြီးပါတဲ့
သွေးမျက်ရည်ပေါ့……..
ငါ့အတွက် ………
ထောင်ပေါင်းများစွာသော စာသားတွေထဲက
ရွေးချယ်စရာ စကားတစ်ခွန်းပဲရှိတော့တယ်
အဲဒါကတော့
“ခွင့်လွှတ်ပါ”
ငါ့ရဲ့ မသိတတ်မှုတွေ
တကိုယ်ကောင်းဆန်မှုတွေ
ဥပေက္ခာပြုမှုတွေ
ကိုယ်ချင်းစာတရားမရှိမှုတွေကို ခွင့်လွှတ်ပါ
ခွင့်လွှတ်ပါကွာ
(ဒါက တကယ်တော့ အသုံးမကျတဲ့ စကားတစ်ခွန်းပါဘဲ
ဒါပေမယ့် ငါ့မှာ ရွေးချယ်ရန် စကားလုံးမရှိ)
(31-12-2010)
လိပ်ပြာ
Comment #3
လုံးဝလုံးဝ….ခွင့်မလွှတ်ဘူး
😛
Comment #5
လိပ်ပြာရယ် ကဗျာလေးကအရမ်းကိုကောင်းတယ်…….
ဒီကဗျာလေးက….ခံစားချက်နဲ့ကိုက်တယ်……..
အားပေးတယ်ကွယ်……သူလဲဒီကဗျာလေးမြင်ခဲ့ရင်ကောင်းမယ်………….:P ။ ။
Comment #8
အားပေးမှုက စိတ်ရဲ့အဟာရတစ်ပါးဆို……….
အားပေးမှုရဲ့ အဟာရတစ်ပါးက …ဘာဖြစ်မလဲ….
🙂
Comment #10
ကို လိပ်ပြာ ကိုမိုးထက် တော့ မ၇တော့ဘူးထင်တယ် တစ်ခုခုတော့ဖြစ်နေပြီး
Comment #12
တစ်ခွန်းတည်းမေးတာကို…….
ဒီလောက်လေးတောင် စိတ်မရှည်ကြတော့ဘူးလား
ညီတွေက
Comment #14
အဲလို့ပြောမှပဲ မမွှေတော့မှာထင်တယ် ကျွန်တော်လည်းဆုတောင်းပေးတယ်
Comment #15
တောင်းတဲ့ ဆုနဲ့ လွဲပါစေဗျာ……
ဟားဟား…..ဒီနေ့ တော့မရဘူး
(မွှေမှာပဲ……)
ပြီရင်…..ရဲလေး နင့်အလှည့်
ကြိုတင်ပြင်ဆင်ထား…………:)
Comment #17
ဟားးးးးးးးးးး ညစ်တယ်ဗျို့ ကိုလိပ်ပြာေ၇…
သူအလှည့်ပြီးသွားတော့ ပျော်နေတယ်ပေါ့
Comment #20
အချင်းချင်းတော့ဟုတ်နေကြတာပဲ
Comment #24
lone waa pae’
Comment #25
really nice.
Comment #1
ခွင့်မလွှတ်ဘူးကွာ……….