ရှာဖွေခြင်း (သက်ထွေး)
မညှိဘဲ
လင်းမယ့်
မီးတစ်စကို
ရှာဖွေရင်း
ပင်လယ်ပျောက်ခဲ့တဲ့
ကမ်းက
ငါပါ … ။
ဓူဝံကြယ်ကိုယ်တိုင်
လမ်းပျောက်ခဲ့ရသော
ညတွေလိုမျိုးပေါ့
မီးပြတိုက်ကို
ငေးကြည့်နေခဲ့မိ .. ။
ပေါင်းစပ်ရင်း
အရောင်ပြောင်းသွားခဲ့သော
စုတ်ချက်တစ်ချက်ကို
တသသ မျှော်ကြည့်ရင်း
ငါဟာ မူပိုင်ခွင့်ကို
လိုက်လို့ ရှာခဲ့မိသူပါ .. ။
ဒါဟာ
ဘဝပါလို့
ပခြုပ်ထဲ ထည့်ပြရအောင်လည်း
ငါ့မှာ ညှို့ဓာတ်တို့နဲ့
ပုလွေတစ်လက်
မပါလာခဲ့လေဘူး .. ။
ကဗျာတစ်ပုဒ်အပေါ်
မရဲတရဲနဲ့
ငါ့ကိုယ်ငါ
ပစ်ချခဲ့တဲ့
ညတွေလိုမျိုးပေါ့
အိပ်မက်ရဲ့
လေပွေရိုင်းတွေ
ငါ့ရင်ခွင်သို့
အဖျားခတ်သွားတယ် ။ ။
သက်ထွေး
အောက်တိုဘာ ၃ရက် ၂၀ဝ၈ နေ့လည် ၃း၁၆
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဓူဝံကြယ်ကိုယ်တိုင်
လမ်းပျောက်ခဲ့ရသော
ညတွေလိုမျိုးပေါ့
မီးပြတိုက်ကို
ငေးကြည့်နေခဲ့မိ .. ။
ပေါင်းစပ်ရင်း
အရောင်ပြောင်းသွားခဲ့သော
စုတ်ချက်တစ်ချက်ကို
တသသ မျှော်ကြည့်ရင်း
ငါဟာ မူပိုင်ခွင့်ကို
လိုက်လို့ ရှာခဲ့မိသူပါ .. ။
ဒါဟာ
ဘဝပါလို့
ပခြုပ်ထဲ ထည့်ပြရအောင်လည်း
ငါ့မှာ ညှို့ဓာတ်တို့နဲ့
ပုလွေတစ်လက်
မပါလာခဲ့လေဘူး .. ။
of course of course two thumbs up!!!!!!!!!!
clapping clappingggggggg