ပဟေဠိမဟုတ်တဲ့….
တံခါးလေးဟဟဖွင့်လို့ရယ်
အိမ်တွင်းမှာမှောင်ရိပ်သမ်း
မိုက်မဲသောငါ
မေ့နေခဲ့တာလား
မေ့ဖို့ကြိုးစားနေခဲ့တာလား?
ကိုဘိန်းလဲအဲသည်ကိုစောစောသွားခဲ့
ကိုဂျွန်လဲရောက်နှင့်ခဲ့
ကိုငှက်လဲဦးခဲ့
ကိုအယ်လဲကြုံရဲ့
ဲယုံမှားသိတစ်မျိုးဖြစ်လိမ့်မယ်
ဟိုးအတွင်းကစူးနင့်လို့နာကျင်ဒဏ်ရာ
ငါဟာငါမဟုတ်
ဒါဖြင့်ဘယ်သူတဲ့တုန်း
ခြံခတ်ထားရတဲ့မြေခွေးကိုကြာရှည်မထိန်းထားနှိင်
ပြောသာပြောနေရ
ငါ့မှာလဲမသေမချာရယ်
အလင်းဖြစ်ဖြစ်ဘာဖြစ်
ပဓာနမဟုတ်
တစ်နေ့ကျ
မင်းလဲကုန်ငါလဲကုန်မှာ
တွေးတွေးပြီးမော။ ။
ဩမြိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘာကုန်မှာလဲဟင်။မသိလို့ပါ……….
တွေးတွေးပြီးမောနေတော့ ဘယ်အချိန်တွေမှာ ဘယ်လို အနားယူလဲ ဟင်………………