၂၀၁၁-2011
နှစ်တစ်နှစ်တော့
အသစ်ပြောင်းသွားတယ်…….
ပြောင်းလဲခြင်းတွေနောက်မှာ
မပြောင်းလဲခြင်းတွေက
ငါ့အတွက် အဆန်းမဟုတ်တော့သလို
မင်းတို့အတွက်လည်း သိပ်အဆန်းကြီးမဟုတ်တာတော့
ငါ သိတယ်………
အိုမင်းသွားတဲ့ နှစ်တစ်နှစ်ကို ဘာလို့ အသက်သွင်းနေကြတာလဲ???
အိုမင်းမှု နဲ့ မတရားမှုတွေ ခြေရာခံပြီး လိုက်လာနေတာကို
ငါတို့ သတိမထားမိတာလား???
ငါကတော့ အသက်တစ်နှစ်ကြီးသွားတဲ့
နှစ်တစ်နှစ်ကို
ဝမ်းနည်းမှု ဒိုင်ယာရီနဲ့ အတ္တမှတ်စုကို
ဆုပ်ကိုင်ရင်း
ဒီအတိုင်းလေးဘဲ ……..ကျော်ဖြတ်သွားဦးမယ်
……………
Comment #2
ဦးဦး လိပ်ပြာ..ပျောက်ချက်သားကောင်းလိုက်တာဗျာ…
ကဗျာလေးတွေတင်ပါဦး
မျှော်နေပါတယ်…………….
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးနေတယ်!!!!!!!!!!!!!!!!!!!!!!!!!!