ကဝေ
ကောင်မလေးရေ…
ကြိုးရှည်ရှည်လှမ်း စွန်လွှတ်တမ်း ကစားတဲ့နင့်အနား
ကိုယ်တိုင် ချည်နှောင် ရစ်ဘီးယောင်ဆောင်ခဲ့သူပေါ့။
အေးယောင်ပြပြီး ပူလောင်လှတဲ့ ရေခဲရေလိုအပြုံး
သောက်သုံးသူအဖြစ် ငါ့အပြစ်ပါ။
နင်..မပြုစာပေးမယ့် ငါ…ကုစားလိုက်ရပြီလေ…
တစ်ကယ်ပါ…
ငါ့ရင်ခုန်သံစည်းချက်က နင့်ကကွက်တွေနဲ့မှ
ရှင်သန်ချင်တာ။
Comment #2
ဒီကဗျာ ကြိုက်၏။
By: dan at Jan 2, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဝေ……
တော်တော်ဆိုးတဲ့  ကဝေ…