လက်ဆောင် (မင်းခိုက်စိုးစန်)
(၁)
လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီး မေးကြည့်ရဦးမယ်…။
…
ချစ်တယ်ဆိုတာ ကိုယ့်ကိုကိုယ်
သတ်သေတဲ့ နည်းတစ်မျိုးလား…?လို့။
(၂)
ငါက…
မီးခိုးရောင် ခပ်များများနဲ့ ကောင်ပါ။
(ဘဝမှာ မှောင်ရတာတွေပဲ…များတယ်)
…
လိုအပ်လာရင်…မင်းကို
အိပ်မက်တစ်ဆင်စာနဲ့ တင်တောင်းနိုင်တာကလွဲလို့
အရာရာ ချို့တဲ့
ဘာဆို ဘာမှ မဟုတ်တဲ့ ငနဲပေါ့။
(၃)
တကယ်ပါ…
မင်းအတွက်တော့ ငါဟာ
ဘာမှ မဟုတ်ပါဘူး။
…
ဒါပေမယ့်…အဲဒီ “ဘာမှ မဟုတ်ဘူး”ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ မကြာ ထုတ်…ထုတ် ကြည့်ချင်လို့။
(၄)
လှောင်ရယ်သံတစ်ဝက်နဲ့
ခါးသက်သက်ပြုံးတတ်တဲ့
ငါ့ရဲ့ ချစ်လှစွာသော ကော်ဖီမလေးရေ…
…
ငါ ပိုင်ဆိုင်တဲ့အရာကို
မင်းကို လက်ဆောင် မပေးရက်ခဲ့ပါဘူးကွဲ့။
(၅)
ငါ့မှာ
မျက်ရည်ခံမှဲ့တစ်လုံး ရှိတယ်။
မင်းခိုက်စိုးစန်
Comment #2
ကဗျာကို သိပ်မခံစားတတ်ပေမဲ့ ကြိုက်ပါတယ်။
Comment #3
ကြိုက်ပါတယ်
Comment #4
ကြိုက်တယ်
Comment #5
ဘာမှ မဟုတ်တာလေးကိုလဲ ကြီုက်တယ်
Comment #7
ကြိုက်ဘူး။
Comment #8
good! I like it so much!
Comment #9
ဟုတ်ပ နော် ချစ်တယ်ဆိုတာ အနှေးဆုံးသက်သေနည်းတစ်မျိုးပဲ
Comment #10
ကြိုက်တယ်…ကြိုက်တယ်
Comment #11
မျက်ရည်ခံမှဲ့လေးကို မမေ့သေးပါဘူး ဆရာ
Comment #12
ကောင်းလိုက်တာ
(လိုအပ်လာရင်…မင်းကို
အိပ်မက်တစ်ဆင်စာနဲ့ တင်တောင်းနိုင်တာကလွဲလို့
အရာရာ ချို့တဲ့
ဘာဆို ဘာမှ မဟုတ်တဲ့ ငနဲပေါ့။)
Comment #13
မိုက်တယ် ကိုယ့်မှာလည်း မျက်ရည်ခံမှဲ့ ပါတယ်လေ
Comment #1
ကောင်းလိုက်တာနော်