မဲ့ပြုံး
သူ့ နှုတ်ခမ်းက
အပြုံးတစ်ပွင့်
ခုန်ဆင်းသွားတယ်
ငါ လျင်လျင်မြန်မြန်ပဲ
ကောက်ယူ စားသုံးလိုက်တယ်
ရင်ထဲမှာ အမည်မသိ
ခံစားချက် ကိန်းအောင်းသွားတယ်
ကြည်နူးခြင်းလား
ဝမ်းသာခြင်းလား
ကျေနပ်ခြင်းလား
သူ့မျက်နှာကို
မျှော်လင့်ချက်နဲ့
မော့ကြည့်လိုက်တယ်
မျက်လုံးထဲမှာတော့
ငါ မင်းကို ……သိပ်ချစ်နေတယ်ဆိုတဲ့
ပန်းချီကားနဲ့
ဒါပေမယ့်
ငါ မှားခဲ့တယ်
မင်း…..နှုတ်ခမ်းထောင့်က
သင်္ကေတတစ်ခုကို
သတိမထားခဲ့မိလို့ပေါ့………..
Comment #7
marr pi pop hote lar?

Comment #9
i know i m wrong.
but i’ll continue this wrong way.
he,,he,,
it calls love.

Comment #10
2013 feeling is better.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အခု သတိထားမိပြီးလား ကိုလိပ်ပြာ….