ဆုပေးဒဏ်ပေး
နင့်ရင်ထဲမှာအချစ်တွေပြည့်နေတုန်း
ငါနင့်ကိုမာယာသုံးခဲ့တယ်
ငါ့ရင်ထဲမှာဗလာသက်သက်ပေါ့
ငါ့ရင်ထဲအချစ်တွေပြည့်နေချိန်ကြ
နင်ကငါ့ကိုမာယာပြန်သုံးတော့
ငါ့ရင်ထဲမှာဗလောင်ဆူနေပြီ
အခုမှပဲ
ဆုပေးဒဏ်ပေးစနစ်ဆိုတာ
ငါနားလည်တော့တယ်…………….။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဖြစ်မှ ဖြစ်ရလေဗျာ………… ကံကောင်းပါစေ ဆုတောင်းရင်း
အားပေးသွားတယ် မိန်းကလေးရေ