ငါ.
ဘာမှလည်းရေးလို့မထွက်ဘူး…
ဘယ်ကဗျာပဲဖတ်ဖတ် ….. နားမလည်တော့ဘူး
ဘာတွေမှန်းလည်းမသိဘူး
ဘာမှ လည်းဆက်မလုပ်ချင်ဘူး
…
ဘာမှမရှိတဲ့ဘ၀ကြီးကိုလည်း…..
ဘယ်လိုရှေ့ဆက်ရမှန်းမသိဘူး…
ပတ်ဝန်းကျင်ကလူတွေက
ရယ်သံပဲကြားတယ်
နောက်ကွယ်က မျက်ရည်တွေကို
လျစ်လျူရှု
ငါ့မိဘကလည်းပြောတယ်
ဆန်ကုန်မြေလေးတာထက်….
ကာရံစုံတီးဝိုင်းထဲ…ထမင်းထုတ်တော့
အရပိုက်နိုင်အောင်လုပ်တဲ့
…………
သူငယ်ချင်းတွေကပြောတယ်
အတိတ်မေ့လိုက်ပါတဲ့
အဲလိုရလား၊၊၊၊၊၊၊၊၊???
အဲလောက်လွယ်ကြလား???
ကဲ!!!!
နင်မလျှောက်ရ…မလှမ်းရ
မလာရ..မ၀င်ရ…..
ငါ့တယောက်ထဲပိတ်ပင်တဲ့
သူတွေလည်း….
ရင်ထဲမှာ….တန်ခိုးပြ…..
မှောက်လိုက်ပျောက်လိုက်…
မျှော်လင့်ချက်တွေထဲ
မျက်ရည်တွေ..
တံခွန်စိုက်တယ်!!!
ဘာလုပ်မှန်းမသိတော့ဘူး…
ခပ်မာမာပြောတဲ့..မန်နေဂျာကြီးကိုလည်းမုန်းတယ်
ဘာလုပ်လုပ်အမှန်မဖြစ်တဲ့
MD ကိုလည်း ချင်တယ်စပ်တယ်
အလုပ်ထွက် ..စုတ်ပြတ်
ဘ၀က နေစောစောဝင်ခွင့်မရတာလည်း
…….
……………….
………………..
ခက်တယ်….
ဘာပဲဖြစ်ဖြစ်…..
ပြောင်းပြန်လောကကြီးထက်
ပြောင်းပြန်လျှောက်တတ်တဲ့
ငါ့ကိုယ်ငါပဲ……………..
………………………
…….
ရက်ရက်စက်စက်မုန်းတယ်!
Comment #10
ကဗျာ လေး က ကောင်း တယ်……တစ် ခု တော့အကြံ ပေး မယ် ဗျာ.. နောက် ဆို..ဘာ မှ မလုပ် ချင် ရင် ဘယ် မှ မသွား နဲ့…အသွားမတော် တစ် လှမ်း တဲ့… ထောင် နန်း စံနေ ရ မှ ခက် မယ်…(၁၀၉၊၁၁၀) နဲ့…
စတာ တာ နော်……..ဟား ဟား:D
Comment #11
ရက်စက်လိုက်ကြတာ….
ကျေးဇူးတင်ပါတယ်..ကို demon
Comment #1
အမယ်လေး သူ ဖြေးဖြေးလုပ်ပါ အသဲကွဲမိုးရယ် ငိုကြီးချက်မနဲ့…….. အားပေးနေတယ်ဗျာ