…………သို့
ပျော့မနေပါနဲ့ ……… မာပါ
ဆွေးမနေပါနဲ့ ………. ပြီးဆုံးသွားပြီလေ…….
ဖြူစင်လှပတဲ့ စကားလုံးလေးတွေကို
ဘာလို့ ၀မ်းနည်းမှုတွေနဲ့
အရောင်ဆိုးချင်ရတာလဲ
လိုတရနှင်တံလေးပိုင်ဆိုင်ထားပြီပဲဟာ
ပျော်ရွှင်မှုတွေကို စကားလုံးအဖြစ်ဖန်တီး
စိမ်းလန်းခြင်းသစ်ပင်တွေ ရင်ထဲမှာ
ပေါက်ဖွားလာမယ့် အချိန်ကို
မျှော်လင့်စောင့်စားရင်း………
တစ်ခါတစ်လေ
ငါ ဒေါသထွက်မိတယ်
ထမင်းမကျွေးဘဲ တောထဲမှာ တစ်လလောက်
ပစ်ထားလိုက်ချင်တယ် ဆွေးနိုင်သေးရဲ့လား၊
ဝမ်းနည်းနိုင်သေးရဲ့လားလို့ပေါ့…….
ငါ နီကျင့်ကျင့်ကာလာတွေနဲ့ အရောင်ဆိုးထားတဲ့
မင်းရဲ့ အလွမ်းရင့်ရင့် ကဗျာတွေကို
ဖတ်ရတာ………… ခါးသီးတာတော့ အမှန်..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မလုပ်ပါနဲ့ ကိုလိပ်ပြာ၇ယ်…… ထမင်းမစားပဲ 1လလောက်နေတော့ သေသွားမှာပေါ့လို့……… ၇က်စက်လိုက်တာ