ဆန္ဒ
ဒဏ်ရာကို
အသားမာနဲ့
ဖုံးထားတဲ့
သူတစ်ယောက်ကို
ဘာလို့များ
အရေခွံခွာချင်ရတာလဲ………..
ရှုံးနိမ့်နေပါတယ်ဆိုမှ
နှလုံးသားကို ဘာလို့
လှံဖျားနဲ့ ထောက်ချင်ရတာလဲ
ချစ်ပါလို့ မတောင်းဆိုခဲ့သလို….
မုန်းပါလို့လည်း မတောင်းဆိုပါဘူး….
သုဘရာဇာတစ်ယောက်အတွက်
သေခြင်းတရားက
မထူးဆန်းတော့သလို
နာကျင်ဖူးသူအတွက်
နောက် တစ်ခေါက်ဆိုတာ
မထူးဆန်းတော့ပါဘူး
ဒါကြောင့် ချစ်ရင်လည်း
ချစ်လိုက်ပါ……….
မချစ်ရင်လည်း
ထွက်သွားလိုက်ပါ
ငါ….တစ်ယောက်တည်း
အေးအေးချမ်းချမ်းနေပါရစေ
Comment #5
sate chaa
By: moesatlay at Jan 10, 2011
Comment #6
လိပ်ပြာရေ..ရှင်ဒီလိုအသီးကွဲနေတာကိုတစ်ယောက်သောသူကသိပါလေစ..မသိရင်သိအောင်ပြောဖို့တာဝန်ရှင့်မှာရှိတယ်နော်… 😛
By: ရွှေငါး at Jan 12, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Like it .. 🙂