ရာသီဥတုဆိုး(၁) (မင်းခိုက်စိုးစန်)
ဟောဒီ နွေရာသီတစ်ခုလုံး ပုပ်သိုး
ချစ်သူတွေ အိပ်စက်နေကြတာ မနှိုးပါနဲ့။
သူတို့တွေ “ကံဆိုးပြီ…” ဆိုတဲ့အကြောင်း
နည်းနည်းဖြစ်ဖြစ်၊
နောက်ကျပြီးမှ သိရတာ ကောင်းတယ်။
နှစ်ယောက်သား အတူလျှောက်ခဲ့တဲ့ စင်္ကြန်မှာ
သစ်ရွက်ကြွေသံတွေက လွဲလို့၊
ကြေကွဲမှုနဲ့ တိတ်ဆိတ်…။
အလွမ်းတွေ အပြည့်အသိပ်နဲ့
ကိုယ့်ရင်ဘတ် ကိုယ်ပိတ်ထားတဲ့
စာသင်ခန်းတံခါးတွေ ရှိတယ်။
ဟောဒီ မှန်ပြတင်းရဲ့ အပြင်ဘက်မှာ ပူပြင်း
ပိုးစိုးပက်စက် သေနေတဲ့ နေ့လည်ခင်းတစ်ခုရှိတယ်။
အဲဒီနေ့လည်ခင်းကို နေ့လည်ခင်းကပဲ လောင်ကျွမ်းပစ်လိုက်တဲ့ပုံ၊
ငါ…
ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင် တုန်လှုပ်မိ။
ဘုရား… ဘုရား… ငါ့အရိပ်တွေ ရှည်လျားလာတာကို ကြည့်ရင်း…
အထီးကျန်ခြင်းဆိုတာ
တစ်ယောက်တည်း အသက်ရှူရင်း သေနေတာလို့ သိလာတယ်။
ဟောဒီ နွေရာသီတစ်ခုလုံး ပုပ်သိုး
ချစ်သူတွေ အိပ်စက်နေကြတာ… သွားမနှိုးလိုက်ပါနဲ့။
အတူတူ အသက်ရှူရတဲ့ တန်ဖိုးက
ကမ္ဘာကြီးကို ပိုင်စိုးရတာထက် သာတယ်…။
မင်းခိုက်စိုးစန် ။
Comment #3
Right
😉
Comment #5
A tu tu a thet shu ya de tan phoe ka,,,
Ka bar g ko pine soe ya tar htet tar de,,
A tu tu ma Shi naing pay me,,,,
Hna lone tar the hmar a pyay hte htar de,
A tu tu ma Shi naing pay me, ,
A chain tine yin hte hmar Shi de,,,
Comment #6
so lonely~~~when i’m read this !
Comment #1
ချစ်စရာအရမ်းကောင်းတဲ့ ကဗျာပါ ဆရာ..